27

553 32 37
                                    

"ဘာကြည့်တာလဲ"

"လှလို့"

ဂျဲနိုက ဂျယ်မင်းကို နောက်ကျောဘက်ကနေ သိမ်းပွေ့ဖက်ထားရင်း တိုးတိုးလေး ပြောလိုက်မိ၏။ ရေချိုးခန်း မှန်ထဲကနေ ဂျယ်မင်းကို သေချာကြည့်နေမိပြီး သူ့ရင်ထဲမှာ တဒိတ်ဒိတ်ဖြစ်လာရတော့တာ။ အဲ့ဒါကြောင် ဂျယ်မင်းရဲ့ လည်ပင်းပေါ်မှာ မျက်နှာအပ်ထားရင်း ငြိမ်နေလိုက်ရတော့သည်။

"ဂျယ်မင်း..."

"အွန်း"

ခေါ်‌ပဲခေါ်ပြီး ဘာမှဆက်မပြောတော့တဲ့ ဂျဲနိုကြောင့် ဂျယ်မင်းကပါ ငြိမ်ကျသွားတော့တာလေ။ နောက်ပြီး သူ့ပခုံးပေါ်မှာမှီထားတဲ့ ဂျဲနိုရဲ့ ဆံပင်တွေကို လက်ချောင်းလေးတွေနဲ့ ထိုးဖွလိုက်တော့ ဂျဲနိုက ခေါင်းထောင်ကြည့်လာပြန်သည်။ ပြီးတော့ ဂျယ်မင်းရဲ့ လက်ချောင်းလေးတွေပေါ် ဖိနမ်းလိုက်ရင်း...

"လှတယ်"

"..သိတယ်"

ဂျယ်မင်းရဲ့အဖြေကြောင့် ဂျဲနိုရဲ့ မျက်လုံးတွေက ကွေးကျသွားတော့တာ။ နောက်ပြီး ဂျဲနိုက ဂျယ်မင်းရဲ့ မေးရိုးလေးပေါ် ဖိနမ်းလိုက်ပြီး ငြိမ်သွားပြန်တာမို့ ဂျယ်မင်းက ဂျဲနိုရဲ့ပါးကို လက်‌ကလေးတွေနဲ့ ထိကိုင်ထားခဲ့မိပြန်သည်။ နှစ်ယောက်သား ဘာစကားမှလည်းမပြောဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ရယ်ပဲရယ်နေမိကြရတော့တာ။

"မျက်နှာသစ်ရအောင်၊ ပြီးရင် လမ်းလျှောက်သွားကြမယ်"

"အေးနေမယ်ထင်တယ်"

"အေးလာရင် ကိုယ် မင်းကို ဖက်ထားပေးမှာပါ"

ဂျယ်မင်းက ပါးမို့လေးတွေ မြင့်တက်သွားအောင် ရယ်လိုက်မိရတာ။ စိတ်ထဲမှာတော့ "တော်တော်နစ်နာနေပါဦးမယ်"လို့ တွေးမိလိုက်သေးသည်။ ဒါပေမဲ့ နှစ်ယောက်သား ပူးပူးကပ်ကပ်အနေအထားနဲ့ သွားတိုက်၊ မျက်နှာသစ်လုပ်ပြီးတော့ အနွေးထည်ထူထူဝတ်ပြီး အိမ်အပြင်ကို ထွက်လာဖြစ်ကြ၏။

ဒီနေရာတစ်ခုလုံးမှာ သက်ရှိဆိုလို့ သူတို့နှစ်ယောက်ပဲရှိနေလို့ ဂျဲနိုနဲ့ဂျယ်မင်းက ဘယ်သူ့ကိုမှ ဂရုစိုက်ဖို့မလိုဘဲ လက်တွေချင်း သွယ်ယှက်ဆုပ်ကိုင်ထားဖြစ်ကြတာ။ ဂျဲနိုကဆို သတိရတိုင်း ဂျယ်မင်းကိုလှည့်ကြည့်၊ ဂျယ်မင်းရဲ့ လက်ကိုဆွဲယူပြီး လက်ဖမိုးလေးပေါ် စက္ကန့်အတော်ကြာအောင် ဖိကပ်နမ်းတတ်သည်။

tbh [Ongoing....]Wo Geschichten leben. Entdecke jetzt