"ဂျယ်မင်းနီး.."
Toilet ထဲမှာ လက်ဆေးနေတဲ့ ဂျယ်မင်းနောက်ကိုလိုက်လာရင်း ဂျဲနိုက တိုးတိုးလေးခေါ်လိုက်မိ၏။ ပြီးခဲ့တဲ့ရက်က ဂန်ထယ်မူတို့နဲ့ ရန်ဖြစ်ထားတာမို့ ဂျဲနိုက ဂျယ်မင်းအနောက်ကို လိုက်ပေးချင်ပေမဲ့ ဟယ်ချန်းကိုလည်း အတန်းထဲမှာ ထားခဲ့လို့မရဘဲဖြစ်နေရလို့ သူ နည်းနည်းတော့ စိတ်ရှုပ်နေရပြီ။
နောက်ပြီး ဖေဖေကလည်း ပြန်လာမယ်လို့ပြောပြီး ညဘက်ကျမှ အရေးတကြီးအလုပ်ကိစ္စတွေကြောင့် ပြန်မလာနိုင်သေးဘူးဆိုတော့ ဂျဲနိုက ဖေဖေ့ကိုလည်း ဂျယ်မင်းနဲ့ပတ်သက်လို့ ဘာမှမပြောရသေး။ မေမေက ခွင့်ပြုပေးတယ်ဆိုပေမဲ့ အိမ်မှာ မေမေက အကြံပေး၊ ဖေဖေက ဆုံးဖြတ်တာမို့ ဖေဖေ့ဆုံးဖြတ်ချက်မပါဘဲနဲ့ ဘာကိုမှလုပ်လိုက်လို့မရနေပါချေ။ အဲ့လိုမျိုးတွေ အထစ်အငေါ့ဖြစ်နေရပါတယ်ဆို ဂျယ်မင်းကပါ ဘာကိုစိတ်ဆိုးနေမှန်းမသိ။
မနက်က အိမ်အထိသွားခေါ်တော့လည်း ဘယ်လိုမှကို ကားပေါ်ခေါ်မရ။ ပေကပ်ပြီးတော့ကို လမ်းလျှောက်သွားနေတာမို့ ကားဟွန်းတွေတီးပြီး တောက်လျှောက်လိုက်တော့လည်း ကားဝင်လို့မရတဲ့လမ်းကြားထဲကို ဝင်သွားတာမို့ ဂျဲနိုမှာ ကားပေါ်ကနေ ဆင်းပြေးဖို့ပြင်ရသည်။ သို့ပေမဲ့ ကျောင်းကနေ အိမ်ကိုလာတဲ့ဘက်မှာ လမ်းကြုံနေတာနဲ့ ဝင်ခေါ်လာတဲ့ဟယ်ချန်းက..."ကျောင်းနားရောက်နေပြီပဲ၊ ကျောင်းရှေ့ကပဲစောင့်ရအောင်"လို့ပြောတာနဲ့ ဆက်မလိုက်ဖြစ်တော့တာပင်။
ဟယ်ချန်းရဲ့အကြံအတိုင်း ကျောင်းရှေ့က စောင့်နေပေမဲ့ ဂျယ်မင်းကတော့ မြင်တာတောင် နှုတ်မဆက်ဘဲ လမ်းဆက်လျှောက်သွားတာမို့ ဂျဲနိုမှာ အမောတကောနဲ့ပြေးလိုက်ရတော့တာလေ။ နောက်ပြီး "ဘာဖြစ်နေတာလဲ"လို့ အကြိမ်တစ်သောင်းလောက်မေးတာကိုလည်း ဂျယ်မင်းက လျစ်လျူရှုပြီးတော့ ပြန်မဖြေဘဲနေခဲ့သေးတာ။
အိမ်ကယူလာတဲ့ ဖက်ထုပ်ပေါင်းတွေကို စားခိုင်း၊ ဆေးသောက်ခိုင်းတာတွေလည်း ဘာမှမလုပ်။ စားပွဲပေါ်မှာ မှောက်အိပ်နေတာမို့ ဂျဲနိုမှာ စိတ်ညစ်လာရတော့တယ်။ ဟယ်ချန်းကို ကူပြောခိုင်းဖို့ လှမ်းကြည့်တော့လည်း ဟယ်ချန်းက သူ့ဘာသာ မပြီးသေးတဲ့အိမ်စာတွေ ကုန်းရုန်းရေးနေတာမို့ အကူအညီမရ။
YOU ARE READING
tbh [Ongoing....]
FanfictionNCT DREAM × Fanfiction Ongoing × [ Unicode + Zawgyi ] Start - Jun 03, 2024 [MON] End - ........