Unicode
ဆေးနံ့တွေထုံသင်းနေတဲ့ဆေးရုံ၌ လူတွေဟာ သိပ်ကိုများပြားလွန်းနေသည်။ဒီလိုနေရာတွေကို ခြေချရတာမကြိုက်သော်လည်း တစ်စုံတစ်ယောက်ကို တွေ့ဖို့အတွက်သာ ကြွယ်ခြေချရတော့သည်။မြင်နေရတဲ့ ဂျူတီကုတ်အဖြူနဲ့ဆရာဝန်တွေဟာ များပြားသလို လူတွေဟာလည်း ဌာနအနှံ့၌ ရစ်ဝဲနေလေသည်။
"အစ်မ"
ကြားလိုက်ရတဲ့စကားစုကနှစ်လုံးတည်းဆိုသော်လည်း ကြွယ့်ရင်ထဲ လှုပ်ခတ်လို့သွားသည်။ထိုအသံကိုကြွယ်ရင်းနှီးစွာသိသည်။သေချာပေါက် ပုပုလုံးလုံးကလေးမလေးမဟုတ်ပါလား။
"အစ်မပဲ တူပါတယ်လို့ကြည့်နေတာ သေချာပေါက်အစ်မဖြစ်နေတာပဲ"
ခဲရောင်မြန်မာဝမ်းဆက်ပေါ်၌ ဂျူတီကုတ်အဖြူကလေးဟာ ထင်ရှားလွန်းနေသည်။ကြွယ်နဲ့ယှဉ်ရင်သာ အရပ်ပုတဲ့ထိုကလေးမလေးဟာ အခုလို ဂျူတီကုတ်လေးနဲ့ကျ သိပ်ကိုလိုက်ဖက်ကာ စမတ်ကျလွန်းနေသည်။ဆံနွယ်တွေကို စုစည်းထားပုံက လူကြီးဆန်လွန်းနေပြန်သည်။
"ပုပုလုံးလုံးလေးပဲ"
"ဟာ အစ်မနော်။ဧကရီမှာနာမည်ရှိတယ်လေ"
"မင်းက ပုပုလုံးလုံးလေးမလို့လေ"
"အစ်မနဲ့ယှဉ်ရင်သာအရပ်ပုတာပါနော်။ဧကရီ့အရပ်က ငါးပေခွဲရှိတယ်သိရဲ့လား"
"တို့နဲ့ယှဉ်ရင်တော့ပုတာပါပဲ။မင်းက ဒီလိုပုံစံနဲ့ကျတော့ အတော်ကြည့်ကောင်းတာပဲ"
"အမြင်မှန်ရတာပဲအစ်မရဲ့။အန်တီနုဆီကိုလာတာမလား"
"ဆိုပါတော့"
"အန်တီနုဆီကို ဧကရီလိုက်ပို့ရမလား"
"အင်းမဆိုးဘူး။အားရင်တော့ လိုက်ပို့လေ"
"ဧကရီအားပါတယ်။ဂျူတီက နေ့လည်ကျမှပြန်ဝင်ရမှာ"
ဧကရီ့စကားကြောင့် လက်ကနာရီကိုတစ်ချက်ကြည့်မိတော့ ဆယ့်နှစ်နာရီထိုးဖို့မိနစ်ပိုင်းသာလိုတော့သည်။ဧကရီခေါ်သည့်နေရာနောက်ကိုခြေလှမ်းတွေက တည့်မတ်စွာလိုက်နိုင်ခဲ့သော်လည်း စိတ်တွေကတော့ တည်ငြိမ်မှုမရှိပေ။ဆိုင်းဘုတ်အသေးလေးကိုမြင်ရတဲ့အခါ
ခြေလှမ်းတွေရပ်တန့်ရတော့မည်လို့ တွေးမိတော့ ကြွယ့်ရင်ထဲတစ်နေရာ၌ သိသိသာသာပင် လစ်ဟာသွားလေသည်။အဘယ်ကြောင့်ဆိုတာစဉ်းစားဖို့ပင်အချိန်မရလိုက်ဘဲ ဧကရီအသံကိုသာကြားလိုက်ရသည်။
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Completed)