Chapter 100
သူ အခန်းထဲပြန်ဝင်လာပြီး ခဏအကြာတွင် ကျိုးရွှမ်လန်က တံခါးနား၌ ပေါ်လာလေသည်။
ကျိုးရွှမ်လန် အဝတ်အစားများလဲပြီး ပြန်ဝင်လာချိန်၌ ရှန်းလျိုရှန့် မှင်သက်ငေးငိုင်နေသည့်အခါ ရှစ်စွမ်းဟု မဝံ့မရဲခေါ်လိုက်၏။
ရှန်းလျိုရှန့်က သူ့နားသို့လျှောက်လာပြီး လက်တစ်ဖက်ဆန့်ကာ စကားတစ်လုံးမှမပြောဘဲ အစောပိုင်းက သွေးထွက်နေခဲ့သည့်နှဖူးနေရာကို ထိကြည့်လိုက်သည်။
ကျိုးရွှမ်လန် အံ့အားသင့်သွားပြီး မျက်မှောင်တစ်ချက်ကြုတ်ကာ ဘေးဘယ်ညာသို့ ကြည့်လိုက်သည်။
" တစ်ယောက်ယောက် ဒီကိုလာသွားတာလား..."" အန်းချင်ဆိုတဲ့အမျိုးသမီး လာသွားတာ... သူက ဝမ်ရမ်ချင်ရဲ့မယ်တော်လို့ ငါကြားတာပဲ..."
ကျိုးရွှမ်လန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ဒေါသထွက်သွားဟန်ဖြင့် မျက်ခုံးများတွန့်လိုက်သည်။
" အဲဒီမြောင်မျိုးနွယ် အမျိုးသမီးက ရှစ်စွမ်းကို အဆိပ်ခတ်ခဲ့တာ... သူ ထွက်ပြေးသွားပြီလို့ ထင်နေတာကို ဒီအထိ လာရဲဦးမယ် မထင်ထားမိဘူး... ကျွန်တော် သူ့ကိုသွားဖမ်းမယ်..."
ရှန်းလျိုရှန့် သူ့ဝတ်ရုံလက်ကို လှမ်းဆွဲလိုက်သည်။
" မလိုတော့ပါဘူး..."ထို့နောက် သူ ကျိုးရွှမ်လန်၏နှဖူးကိုကြည့်ပြီး မေးလိုက်သည်။
" အရမ်းနာသွားလား..."ကျိုးရွှမ်လန်၏မျက်နှာထက်မှ ဒေါသအရိပ်အယောင်များ ချက်ချင်းပျောက်ကွယ်သွားပြီး နှုတ်ခမ်းကိုတွန့်ကွေးကာ ကျေနပ်အားရဟန်ဖြင့် ပြုံးလိုက်သည်။ သူ မနာကြောင်း ပြောတော့မည်အချိန်၌ တစ်စုံတစ်ခုကို သတိရသွားသောကြောင့် ချက်ချင်းစကားပြောင်းလိုက်သည်။
" နာတယ်..."
ကျိုးရွှမ်လန် ခေါင်းငုံ့လိုက်ပြီး နှဖူးကို သူ့လက်ချောင်းရှည်များဖြင့်အသာထိကာ ပြောလိုက်သည်။
" ရှစ်စွမ်း ကျွန်တော့်ကို..."ထိတွေ့စေချင်တယ်...
သို့ရာတွင် ကျိုးရွှမ်လန်က ထိုစကားများကို မပြောနိုင်သောကြောင့် နှဖူးကိုသာ လက်ချောင်းများဖြင့်ထိနေပြီး ရှစ်စွမ်းက သူဆိုလိုချင်သည်ကို သဘောပေါက်ရန် မျှော်လင့်နေမိသည်။
