1011 - 1015

140 6 0
                                    

A Valiant Life 1011
အပိုင်း ( ၁၀၁၁ )

#ဘာသာပြန် = စနိုးဝှိုက်

ဆိုင်ထဲတွင်..။

ဒါက အတော် တိတ်ဆိတ်နေခဲ့တယ်..။အလုပ်သမားတွေဟာလည်း အရှကိရနေခဲ့ကြပါတယ်...။

ကျန်းကျီဂျန် ဆိုင်ရှင် သူဌေးရဲ့ ရှေ့ကို လျောက်သွားလိုက်ပြီး..တောင်းပန်စွာ..ဂါရဝ ပြုလိုက်တယ်..။သူက အတော်လေးနက်ပြီး တည်ငြိမ်နေခဲ့တာပါ..။အခုချိန်မှာတော့ သူက ခေါင်းဆောင်တစ်ယောက် မဟုတ်တော့ပဲ..အမှားလုပ်ထားတဲ့ သား ဖြစ်သူရဲ့ ဖခင်တစ်ယောက်ပါ..။

သူဌေးဟာ ဘာလုပ်ရမလဲ ဖြစ်နေခဲ့တယ်..။ဘာပဲဖြစ်ဖြစ် ဒီလူက ခေါင်းဆောင်ဆိုတာကိုတော့ သူသိထားပါတယ်..။ဘယ်လိုလုပ်..ခေါင်းဆောင် တစ်ယောက်က သူ့ကို အရိုအသေ ပေးနေတာလဲ..။

သို့ပေမယ့် ကျန်းကျီဂျန်ကတော့ သူဌေးကို ရိုးသားစွာပဲ တောင်းပန်လိုက်တယ်..။ယင်းနောက် သူ့သားကို လေးနက်စွာ ကြည့်လိုက်ပြီး..

"လာ..အန်ကယ်ကို တောင်းပန်လိုက်ဦး.."

"ဟင့်အင်.."

ကလေးဟာ..သူ့အမေ ရဲ့ လက်မောင်နားမှာ ပုန်းနေခဲ့ပြီး..သိသာစွာပဲ ကြောက်ရွံ့နေခဲ့တာပါ..။

"မင်း.."

ကျန်းကျီဂျန် အမူအရာဟာ အေးစက်သွားခဲ့တယ်..။သူ့သားနဲ့..ပိုပိုပြီး ထိတွေ့လေလေ သူ့သားက ဘယ်လောက်တောင်  ရိုင်းစိုင်းပြီး အထိန်းအကွပ်မဲ့လေ ဆိုတာကို သိလာလေလေ ပါပဲ..။

အဲ့အချိန်မှာတော့  ကလေးအမေဟာ..ယောကျ်ားဖြစ်သူရဲ့ အမူအရာကြောင့် ကြောက်ရွံ့နေခဲ့ပါပြီ..။သူမ သားဖြစ်သူကို ဖြောင့်ဖြလိူက်ပြီး..သူဌေးကို သွားတောင်းပန်ဖို့ ပြောလိုက်ပါတယ်..။

သူမလည်း ဒီလို မဖြစ်စေချင်ပေမယ့် ရွေးချယ်စရာ မရှိပါဘူး..။တကယ်လို့ သူမ မတောင်းပန်ဘူးဆိုရင် အိမ်ရောက်ရင် ဘယ်လို ပြသနာတွေ ဆက်ဖြစ်မလဲ ဆိုတာ..ကောင်းကောင်းသိပါတယ်..။

ကျန်းကျီဂျန် ..မာစတာလင်းရဲ့ စကားတွေကို ပြန်စဥ်းစားလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်..။သူ အလုပ်ကနေ ခနအနားယူတာ..ဒါမှ မဟုတ် ရာထူးအပြောင်းအလဲ လုပ်ပြီး.. သူ့သားဖြစ်သူရဲ့ ပညာရေးကို သေချာ ကြီးကြပ်မှ ဖြစ်တော့မှာပါ..။

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now