1061 - 1065

119 6 0
                                    

A Valiant Life 1061
အပိုင်း ( ၁၀၆၁ )

#ဘာသာပြန် = စနိုးဝှိုက်

အင်တာနက်ပေါ်က လူတွေဟာ ဒီမတော်မဆမူအတွက် စိုးရိမ်နေခဲ့ကြတယ်..။သူတို့ ဒီ ရွန်မြောင်မှာ ဘာတွေဖြစ်နေတာလဲ ဆိုတာကို သိချင်နေခဲ့ကြပါတယ်..။

အရင်တုန်းကလည်း ဆင်တူတဲ့ သတင်းမျိုးရှိခဲ့ဖူးပေမယ့် ဒါက ခနပဲ..ကြာပြီး ဘယ်တော့မှ ပြန်ထွက်ပေါ်မလာခဲ့ပေ..။

သတင်းထောက်တွေဟာ ဒီသတင်းကို ဆက်မတင်ခဲ့ကြပဲ..မြို့သားတွေကို ကိုယ့်ဟာကိုသာ ဖြေရှင်းခိုင်းထားပါတယ်..။

သို့ပေမယ့် ဒီတစ်ကြိမ်တော့ မတူညီတော့ပေ..။မာစတာလင်းက..ဒီမတော်တဆမူမှာ ပါဝင်ပတ်သက်လာတော့..လူထုရဲ့အာရုံစိုက်မူကို ရစေပါတယ်..။သူတို့ အကုန်လုံး ဒီကိစ္စက ဖြေရှင်းသွားနိုင်မလား ဒါမှမဟုတ် ကံမကောင်းမူလိုပဲ ယူဆရမလားဆိုတာကို သိချင်နေခဲ့ကြတယ်..။

ရွန်မြောင်ဝင်ပေါက်တွင်..။

ဒါရိုက်တာ ဂျင် ရောက်လာတဲ့ အချိန်မှာ အပြင်မှာ လူအတော်များနေပြီ ဆိုတာကို သတိထားမိလိုက်တယ်..။ယင်းနောက် သူ ဝမ်ရှီကို ဆွဲခေါ်လိုက်ပြီး ဘာတွေဖြစ်နေတာလဲ ဆိုတာကို မေးလိုက်ပါတယ်..။သို့ပေမယ့် မြို့သားတွေက သတင်းကို ဖတ်ပြီးလာခဲ့ကြတယ်ဆိုတာကို သိတဲ့အချိန်မှာ..သူလုံးဝကို ကြောင်အသွားခဲ့တယ်..။

အပြင်ဘက်မှာတော့..စပ်စုတဲ့ လူတစ်စုဟာ တီးတိုးပြောဆိုနေကြပါတယ်..။

"သတင်းထဲက ဘဏ်က ဒီဘဏ်ဟုတိတယ်မလား.."

"ဟုတ်တယိ..ဒါက သတင်းထဲမှာ ပြထားတဲ့..နေရာပဲ..။မာစတာလင်းက ဘယ်ချိန်လာပြီး ဖြေရှင်းမှာလဲ ငါတကယ်သိချင်မိတယ်.."

"ဘယ်သူသိမှာလဲ..။ဒါပေမဲ့ မာစတာလင်းပါ ဝင်ပါပေးတယ် ဆိုတော့အဖြေတစ်ခုတော့ ထွက်လာလိမ့်မယ်..။ပြီးတော့ ဒီက ဝန်ထမ်းကလည်း ဒီနေ့ အဖြေတစ်ခု ပေးမယ်လို့ မနေ့က ပြောထားတယ်လေ.."

"ဟင်း..မာစတာလင်း ပါနေတာကံကောင်းတယ်..။ဒါပေမဲ့ ငါ့အမြင်အရတော့..ဒီပြသနာက ဖြေရှင်းရခက်လောက်တယ်နော်.."

"အင်း ဒါအမှန်ပဲ..ငါလည်း အဲလိုပဲ တွေးတယ်.."

အဲ့အချိန်မှာပဲ လူအိုကြီးဟာ ရောက်လာခဲ့တယ်..။သူရောက်လာတဲ့ အချိန်မှာ ဒါရိုက်တာ ဂျင်ဟာ အမြန်ရောက်လာခဲ့ပါတယ်..။

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now