1006 - 1010

145 5 0
                                    

A  Valiant Life 1006
အပိုင်း ( ၁၀၀၆ ) ငါ မင်းအပေါ် ဘာအကြွေးတွေ
                            ရှိခဲ့လို့လဲ..

#ဘာသာပြန် = စနိုးဝှိုက်

အနောက်ဘက် ဟန် အုပ်စု..။

အစည်းအဝေး ခန်းထဲတွင်...။

"အကြီးအကဲ ဝမ်...ချင်းရှန်း ဖွင့်ဖြိုးတိုးတက်ရေး အတွက် အခွင့်အရေးက တကယ်ကို ကောင်းမွန်တယ်..။ပြီးခဲ့တဲ့ နှစ်ကနဲ့ ယှဥ်လိုက်ရင်..ချင်းရှန်းရဲ့ စျေးနှုန်းတွေက ..တစ်လတည်းနဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို တက်လာခဲ့တာလေ.."

ဆောက်လုပ်ရေး ပရောဂျက်ရဲ့ မန်နေဂျာက ပြောလိုက်တာပါ..။

"အင်း.."

ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..။သူက..ချင်းရှန်းဒေသ ဖွံ့ဖြိုးရေးကို စဥိးစားနေတာဖြစ်ပြီး..ဟောင်ကောင်လိုမျိုး..စီးပွားရေး ရပ်ကွက် နဲ့ ရှော့ပင်းမော တွေ ဆောက်လုပ်ချင်တာပါ..။တစ်ချိန်တည်းမှာပဲ အဆောက်အဦး စျေးနှုန်းတွေကို တိုးတက်လာစေနိုင်တဲ့ မြို့တွင်း ပရောဂျက်တွေ ရှိပါသေးတယ်..။

ယင်းနောက် ခပ်ဝဝ လူကြီးဟာ..သူ့ရဲ့ အချက်အလက်တွေကို တင်ပြနေခဲ့တယ်...။

"အကြီးအကဲ ဝမ်..ချင်းရှန်း  ရဲ့ခေါင်းဆောင်က ကျွန်တော်တို့ဆီကို အချက်အလက်တွေ ပေးလိုက်တယ်..။လာဘ်စားထားတဲ့ ကုမ္ပဏီတစ်ခုကြောင့် ရှုပ်ထွေးမူလေးတွေ ဖြစ်ပေါ်နေတယ်လေ..။ခေါင်းဆောင် ပြောတာာကတော့..ကျွန်တော် တို့ အနေနဲ့ ဒီဒေသကို တိုးတက်စေချင်တယ်  ဆိုရင် ဒီအရှုပ်ထုပ်ကိုပါ လက်ခံရလိမ့်မယ်တဲ့.."

ဝမ်မင်ယန် ဒါကိုကြားပြီး မျက်မှောင်ကျုတ်လိုက်တယ်..။

"သူတို့က ငတုံးတွေလား..။ဘယ်လိုလုပ် ဒီလိုတောင်းဆိုမူမျိုးတွေ လာလုပ်ရတာလဲ..."

"သူတို့ တုံးအလားတော့ မသိဘူး..ဒါပေမဲ့ ရူးနေတာပဲဖြစ်ရမယ်..။အဓိကအချက်က..ချင်းရှန်း က ခေါင်းဆောင်က သူ့ရဲ့ အောင်မြင်တဲ့ အချိန်ကို ရောက်နေတာပဲ..။သူက သူ ပြောချင်တယ် အရာကို ကြိုက်သလို လွတ်လွတ်လပ်လပ်ပြောလို့ ရနေတယ်လေ.."

ခပ်ဝဝ ဖက်တီး မန်နေဂျာက ပြောလိုက်တာပါ..။

ဝမ်မင်ယန် လက်ဝေ့ယမ်းလိုက်တယ်..။

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now