1091 - 1095

334 11 0
                                    

A Valiant Life 1091
အပိုင်း ( ၁၀၉၁ )

#ဘာသာပြန် = စနိုးဝှိုက်

"အစ်ကိုလင်း ဘယ်သွားမလို့လဲ.."

ဝူယူလန် မေးလိုက်တာပါ..။သူမ အစ်ကိုလင်း ဖုန်းပြောနေတုန်း ကြားလိုက်တာကတော့..သူက ခွန်လွန်တောင်ကို သွားတော့မယ့် ပုံပါပဲ..။

လင်းဖန် ပုခုံးတွန့်လိုက်တယ်..။

"ကိုယ်ခံပညာ အဖွဲ့အစည်းက ခွန်လွန်တောင်မှာ..ကိုယ်ခံပညာ ဖလှယ်ဖို့အတွက် အဖွဲ့ကို ဦးဆောင်သွားခိုင်းတာလေ..။အစ်ကိုလင်းကလည်း အဖွဲ့အစည်းကို မသွားတာ အရမ်းကို ကြာနေပြီ ဆိုတော့ သဘောတူလိုက်တာ။ခွန်လွန် တောင်ကို အလည်သဘောမျိုးနဲ့ သွားရတာပေါ့..."

"ဒါပေမဲ့  ဒါကို စီစဥ်တဲ့လူတွေကတော့ တကယ်ကို ပြသနာ ရှိနေတာပဲ..။ဒီလို ရာသီဥတုမှာတောငိ ဒီလောက် ဝေးလံ တဲ့နေရာကို သွားရတာက ကိုယ့်ကိုကို အပြစ်ပေးနေတာ မဟုတ်ဘူးလား..."

လင်းဖန် လက်လျော့လိုက်တယ်..။တကယ်လို့ မောင့်တိုင်တောင် တို့ အဝါရောင် တောင်တို့ဆိုရင် ငါနားလည်ပေးလို့ရသေးတယ်..။ဒါပေမဲ့ ဒီလောက်ဝေးကွာတဲ့ နေရာကို သွားဖို့ကတော့ တကယ်ကို နားမလည်တော့ဘူး..။ဒါပေမဲ့ ထားလိုက်တော့..။ခရီးထွက်ရတယ်လို့ပဲ သဘောထားလိုက်တော့မယ်..။

လူလိမ် ထျန်ဟာ ဒါကိုကြားပြီး ချက်ချင်းစိတ်လှုပ်ရှားသွားခဲ့တယ်..။

"ငါရောလိုက်လို့ရလား..."

လင်းဖန် လူလိမ် ထျန်ကို ကြည့်ကာ အကူညီမဲ့စွာ ပြုံးလိုက်ပါတယ်..။

"သေချာတာပေါ့..ခင်ဗျားလိုက်ချင်တယ်ဆိုရင် လိုက်လို့ ရတယ်လေ..။ခင်ဗျားကို လောကကြီးနဲ့ အတွေ့အကြုံရအောင် ကျုပ်ခေါ်သွားပေးမယ်.."

"အာ..မင်းဘာတွေ ပြောနေတာလဲ..။ငါ့ဘဝ မှာ ဒီလိုအရာတွေကို အများကြီး မြင်ဖူးတယ်..။အရင်တုန်းက ဆိုရင် ငါ့အဖေ နဲ့ငါက ဘယ်နေရာကို သွားသွား ပြိုင်ဖက်ဆိုတာ မရှိခဲ့ဘူး..။ငါက သူ့တို့ကိုယ် သူတို့ နံပါတ်တစ် သံလက်သီး ...နံပါတ်တစ်  ဓားသမားလို့ ပြောတဲ့လူတွေ နဲ့တောင် တိုက်ခိုက်ခဲ့တာ..။သူတို့က လုံးဝကို ပြိုင်ဘက် မဟုတ်ဘူး.."

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now