1036 - 1040

122 6 0
                                    

အပိုင်းကျော်နေတာ မဟုတ်ပါဘူး..။ပုံမှန်ပါပဲ...ဒါပေမဲ့ နံပါတ် ကျော်နေတာပါ..။မူရင်းမှာကို ကျော်နေတာပါ..😔

A Valiant Life 1037
အပိုင်း ( ၁၀၃၇ ) ဒီလူတွေက ငါ့ကို စိတ်မဝင်စားဘူး..

#ဘာသာပြန် = စနိုးဝှိုက်

စျေးဝယ်စင်တာတွင်..။

"အဖေ..ဘာလို့ ဒီလို စျေးကြီးတဲ့..ပစ္စည်းကို ဝယ်ရတာလဲ..။ဒီလို မလုပ်သင့်ဘူးလို့ ထင်တယ်နော်..။သေချာတွေးကြည့်ပါဦး..။အဖေ ဒီလောက် စျေးကြီးတဲ့..လက်ဆောင်ကို ဝယ်လို့..သူငယ်ချင်းဟောင်းတွေမြင်ရင်..သူတို့ ပြသနာ ရှိတဲ့ အချိန်တိုင်း..အဖေ့ဆီကို လာကြတော့မှာ.."

ဟောင်ယွန်ဂီဟာ..အကျေနပ်တဲ့ လေသံနဲ့ ပြောလိုက်တာပါ..။သူတို့က ကျုံးကျိုးကို အခုမှ ရောက်တာဖြစ်ပြီး..ပုံမှန်ဆိုရင် တစ်ဖက်လူတွေက သူတို့ကို လာကြိုကြရမှာပါ..။သို့ပေမယ့်..သူ့အဖေကတော့ တစ်ဖက်လူကို ဘာမှတောင် အကြောင်းမကြားတော့ပဲ..စျေးဝယ်စင်တာကို ထွက်လာခဲ့ပါတယ်။

ပြီးတော့..သူ ဝယ်ထားတဲ့ ပစ္စည်းက လုံဝကို စျေးမပေါပါဘူး..။ဟောင်ယွန်ဂီ..စျေးနှုန်းကို ကြည့်နေရင်းနဲ့တောင် ခေါင်းကိုက်သလို ခံစားလိုက်ရတယ်..။သူ့အတွက်တော့..စျေးကြီးတဲ့..အရာတွေကို ဝယ်လို့လည်း..ဘာမှ ထူးမှာမဟုတ်ပါဘူး..။ဒါက ဖြုန်းတီးမူ တစ်ခုသာဖြစ်ပြီး..သူတို့က တစ်ခြားတစ်ဖက်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတောင် မရှိပေ..။ပြီးတော့..တစ်ဖက်လူမှာလည်း..သူတို့ကို ပြန်ကူညီနိုင်စရာ ဘာမှ မရှိပေ..။

ဟောင်တန်..သူ့သားကို ကြည့်ပြီး ပြောလိုက်တယ်..။

"မင်းက ဘယ်လိုလုပ်..ဒီလို တွေးနိုင်ရတာလဲ..။အဖေက..အရင်တုန်းက အန်ကယ်လင်းနဲ့ အတော်ကောင်းမွန်တဲ့..ဆက်ဆံရေး ရှိခဲ့ဖူးတယ်..။ဒါက..သူ့ရဲ့ အသက် ၅၀ ပြည့် မွေးနေ့ ဆိုတော့..ပိုပြီးကောင်းမွန်တဲ့..အရာကို ပြင်ဆင်ပေးသင့်တယ်လေ.."

"နောက်ခါတွေလည်း..ငါ့ရဲ့..အတန်းဖော် တွေက ဖုန်းဆက်ပြီး..အကူညီတောင်းလို့..အားနေရင်..သွားပြီး ကူညိီပေးမှာပဲ..။မင်းအနေနဲ့ လူတွေကို..အဆင့်အတန်းကြည့်ပြီး..မငြင်းပယ်ရဘူးလေ..။မင်းနားလည် ထားရမှာက..ဘဝဆိုတာ ရုတ်တရက် ပြောင်းလဲနိုင်တယ်..။ငါတို့ရဲ့..ကံကောင်းမူ ဆိုတာက အမြဲတမ်း..မတည်မြဲနိုင်ဘူး..။မင်း ချမ်းသာနေတာနဲ့..အကုန်လုံးကို..လျစ်လျူရူ ထားမယ် ဆိုရင်..မင်းမှာ ဘာမှ မရှိတော့တဲ့အချိန်ကျ ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ဘူး..."

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now