1056 - 1060

132 5 0
                                    

A Valiant Life 1056
အပိုင်း ( ၁၀၅၆ ) အခြေအနေက ဖြေရှင်းဖို့လိုတယ်

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

လင်းဖန် အင်တာနက်ပေါ်က သတင်းတွေကို မြင်တဲ့အချိန်မှာ..သူ မတတ်နိုင်စွာပဲ ရယ်မောလိုက်တယ်..။

"မာစတာလင်း..ဆေးရုံမှာ ပေါ်လာပြီး..သူ့ရဲ့ အံ့ဩဖွယ်ရာ လက်တွေနဲ့ လီရှန်းကို ကျန်းမာအောင်..ပြန်လုပ်ခဲ့..။ပိုက်ဆံလှူဒါန်းထားသူများအား သူတို့ရဲ့ အကောင့်များအတွင်းပြန်ထည့်သွင်းပေးသွားမည်ဖြစ်သည်.."

"ဆေးရုံရှိ ခွဲစိတ်ဆရာဝန်များဟာ..မာစတာလင်းရဲ့ ခွဲစိတ်မူကို မြင်ပြီး..ခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်.."

"မာစတာလင်းက..ဒေါက်တာတွေအပေါ်မှာ အမှန်တကယ်ပဲ ဘာလုပ်ခဲ့တာလဲ.."

မြို့သားတွေကတော့ အစောကတည်းက..ဒီလို သတင်းတွေနဲ့..အသားကျနေပါပြီ..။ဘာပဲဖြစ်ဖြစ် ဒါက မာစတာလင်းပါပဲ..။

တစ်ခါတစ်လေ...သူက ဆေးရုံမှာ ပေါ်လာတတ်ပြီး တစ်စုံတစ်ယောက်ကို စပရိုက် တိုက်တတ်တာပါ..။

"အမှန်တကယ်တော့ ငါ့အနေနဲ့ အနာဂတ်မှာ မာစတာလင်းကို ဘယ်သူမှ အပြစ်မတင်သင့်တော့ဘူးလို့ထင်တယ်..။ဒီလူက တကယ်ကိုကောင်းမွန်တယ်..။သူ လုပ်တဲ့အရာတွေက အမြဲတမ်း အမှန်တရားတွေချည်းပဲ.."

"ဟုတ်တယ်..ငါ သူ့ကို ဘယ်တုန်းကမှ အပြစ်မတင်ဖူးဘူး..။တစ်ခြားလူတွေက သူ့ကို အပြစ်တင်နေကြရင်တောင် ငါကတော့ အပြစ်မတင်ခဲ့ဘူး.."

"တကယ်လို့ မာစတာလင်းက တစ်ခုခု ဆိုးဝါးတာ လုပ်ရင်တောင် တစ်စုံတစ်ယောက်က သူ့ကို သွေးဆောင်ပြီး လုပ်စေခဲ့လို့ပဲဖြစ်မယ်..။သူ့စိတ်အတိုင်းဆိုရင်  ဒီလိုဆိုးဝါးတာကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး.."

"ဒါကမှ အစစ်အမှန်ပရိတ်သတ်ပဲ..။ဒီလိုပဲဖြစ်သင့်တာ.."

"အရူးတွေ မင်းတို့က သူ့ကို တကယ်လူကောင်းလို့ ထင်နေတာလား..။တကယ်လို့ သူ့ရဲ့ ဆေးပညာက ဒီလောက်ကောင်းနေရင် ဘာလို့ တစ်ခြားလူတွေကို မကုပေးရတာလဲ..။တစ်ခြားလူတွေလည်း ခံစားနေရတာ မဟုတ်ဘူးလား..!("

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now