1041 - 1045

144 7 0
                                    

A Valiant Life 1041
အပိုင်း ( ၁၀၄၁ ) အဖေ့အတန်းဖော်ရဲ့သားက
                            တကယ် မရိုးရှင်းဘူး..

#ဘာသာပြန် = စနိုးဝှိုက်

သိီးသန့်ခန်းထဲမှာတော့..လူတစ်စုဟာ ထိုင်နေခဲ့ကြပါတယ်..။

အဲ့အချိန်မှာတော့ လင်းဖန် လူတိုင်းကို..နားမလည်နိုင်တဲ့ အမူအရာနဲ့ကြည့်လိုက်ပြီ..

"ခင်ဗျားတို့က သဘာဝကို ဆန့်ကျင်ချင်နေကြတာလား..။ဘာလို့ ခင်ဗျားတို့တွေ အကုန်လုံး ရှန်ဟိုင်းကနေ ဒီအထိ လာကြတာလဲ.."

ယင်းနောက်..သူ ဝုယန်ဂန်ကို လက်ညိုး ညွှန်ပြလိုက်ပြီး...

"ပြီးတော့..ခင်ဗျား..ဘေဂျင်းမှာ ရှိနေရမှာမဟုတ်ဘူးလား..။ဘာလို့ ဒီကို ရောက်နေရတာလဲ.."

ဝမ်မင်ယန် ရယ်မောလိုက်တယ်..။

"ညီအစ်ကို မင်းက ငါတို့ကို တကယ်..မိတ်ဆွေလို့ သဘောမထားတာပဲ..။ဒါကကြီးမားတဲ့ အခမ်းအနားကြီးပဲလေ..။တကယ်လို့ မင်းသူတို့ကို..မဖိတ်ဘူးဆိုရင် ဒါက လက်ခံလို့ရသေးတယ်..။ဒါပေမဲ့ ငါ့ကို မဖိတ်ဘူးဆိုတာကတော့ မင်း ငါ့ကို အထင်သေးနေတာလား.."

"မင်ချင်း မင်း ဒီလို ပြောတာကတော့ မဟုတ်သေးဘူးလေ..။ငါတို့ကို  မဖိတ်တာက..လက်ခံလို့ရတယ် ဆိုတာ ဘာကို ဆိုလိုတာလဲ..။မင်းဆိုလိုတာက..မင်းကသာ မာစတာလင်းနဲ့ ရင်းနှီးပြီး ကျန်တဲ့လူတွေက..အလကားပဲ လို့ ပြောချင်တာလား.."

ဝုယန်ဂန် ငြင်းခုန်လိုက်တာပါ..။

ဟီချန်းဟန်..စိတ်မကောင်းတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"ဟုတ်တယ်..ငါ့သားကို မာစတာလင်းက သင်ပြပေစထားတာ..။အခုဆို သူက နာခံပြီး လိမ္မာယဥ်ကျေးတဲ့ ကလေးတစ်ယောက်ဖြစ်နေပြီလေ..။ငါ ပ်ိုပြီး စိတ်အေးနေရပြီ..။အခု ဒီလို အခမ်းအနားမျိုးရှိလာပြီဆိုတော့..ငါ့ကို မဖိတ်ဘူးဆိုရင်တောင် ငါကတော့ လာရမှာပဲ.."

ဝမ်မင်ယန် အားလုံးကို ကြည့်လိုက်ပြီး..

"ဒါက တော်လောက်ပြီ..။ခင်ဗျားတို့ ပြောချင်တာ ပြောလို့ ရတယ်..ဒါပေမဲ့ ကျုပ် နဲ့ ကျုပ် ညီအစ်ကိုနဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူး..။သူ့အဖေက..ကျုပ်ရဲ့ ဂေါ့ဖားသားပဲ.."

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now