1076 - 1080

123 6 0
                                    

A Valiant Life 1076
အပိုင်း ( ၁၀၇၆ )

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း..။

လင်းဖန် ဝမ်မင်ယန်ကို ဖုန်းထဲကနေ တဆင့်စကားပြောနေခဲ့တယ်..။

"ညီအစ်ကို..မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..။သတင်းထောက်တွေ ရှေ့မှာတောင် နည်းနည်းလောက် နိမ့်ချပြီး မနေနိုင်ဘူး.."

ဝမ်မင်ယန် ပြုံးပြီးပြောလိုက်တာပါ.။သူသတင်းတွေကို ဖတ်ထားပြီးပြီ ဖြစ်ပြီးဒါက အတော်လေးကို..မနိမ့်ချတတ်ဘူးလို့ ခံစားရပါတယ်..။ဘယ် သာမန်လူကမှ  ဒီလို စကားကိုပြောမှာမဟုတ်ပါဘူး..။

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါက  အဆင်ပြေပါတယ်..။ကျုပ်က ဒီလိုလူပဲလေ..။အိုး..ဟုတ်သားပဲ..။ခင်ဗျား ဂရုစိုက်နေတဲ့  ဟိူကိစ္စက အခြေအနေ ဘယ်လိုလဲ  "

ဝမ်မင်ယန် သင်ပြင်းချလိူက်ပြီး..

"မင်းက ငါ့ကို တစ်ခုခု လုပ်စေချင်မှတော့ ငါက ဘယ်လိုလုပ် မလုပ်ပေးပဲနေမှာလဲ..။စိတ်မပူနဲ့..ငါ စီစဥ်ထားလိုက်မယ်..။ဒါပေမဲ့ ဒါက အချ်ိန်အနည်းငယ်တော့ လိုတယ်..။ဒါတွေက အတည်ပြုလက်မှတ်လိုသေးတယ်လေ..."

လင်းဖန် ပြောလိုက်တယ်..။

"ကောင်းပြီလေ..ခင်ဗျားအဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင် ကောင်းတာပေါ့..။ကျုပ် ကျိန်းသေ ခင်ဗျားကို အံ့ဩရအောင် လုပ်ပေးမှာပါ.."

"အ်ိုး..ဟုတ်သားပဲ..။မင်းပြောတာက ဝူရွှန်းယွဲ့ အတွက် သီချင်းအသစ်တွေ ပြင်ပေးမယ်ဆို..။ငါ ထင်တာတော့ အချိန်ကျပြီထင်တယ်..။အခုဆိုရင် သူမရဲ့ သီချင်းဟောင်းတွေ ထွက်ထားတာကလည်း အတော်ကြာပြီလေ..။သူမရဲ့ အောင်မြင်မူက သီချင်းဟောင်းတွေ အပေါ်မှာပဲ..မှိီခိုနေလိူ့ မရဘူး..။သူမ သီချင်းအသစ်ထုတ်ဖို့လိုအပ်တယ်.."

လင်းဖန် ဒါကိုတွေးကြည့်လိုက်တယ်..။ဘာပဲဖြစ်ဖြစ် သူလည်း လုပ်စရာ သိပ်ရှ်ိတာမဟုတ်ပါဘူး..။

"ကောင်းပြီလေ..ပြသနာ မရှိဘူး..။ကျုပ် သီချင်းတွေ ရေးပြီး မနက်ဖြန်လောက် ပို့ပေးလ်ိုက်မယ်.."

သူတို့နှစ်ယောက် အချိန်အတော်ကြာအောင် စကားပြောပြီးမှ ဖုန်းချလိုက်ကြပါတယ်..။

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now