996 - 1000

536 10 1
                                    

A Valiant Life 996
အပိုင်း ( ၉၉၆ )

#ဘာသာပြန် = စနိုးဝှိုက်

လမ်း ဝင်ပေါက်မှာတော့..များပြားလှတဲ့..စည်းကမ်းထိန်းသိမ်းရေး ကားတွေဟာ ရပ်တန့်နေခဲ့ကြတယ်..။ခွေးဟောင်သံတွေက အဲ့ကနေ လာနေခဲ့တာပါ..။ကားတွေပေါ်မှာတော့..လှောင်အိမ်တွေ ရှိနေပြီး..လှောင်အိမ်တစ်ခု ချင်းစီအထဲမှာ..ခွေးတစ်ကောင်စီ ရှိနေခဲ့ပါတယိ..။

အဲ့အချိန်မှာတော့..လူတစ်ယောက်ဟာ..ကာကွယ်ရေး အဝတ်အစားတွေကို ဝတ်ထားပြီး..သူ့လက်ကတော့  ခွေးတစ်ကောင်ရဲ့ ခေါင်းကို ညှစ်ထားတဲ့ အချိန်မှာ..နောက်ထပ် လူတစိယောက်က..ခွေးကို ထည့်ဖို့လှောင်အိမ်ရဲ့ တံခါးကို ဖွင့်ပေးလိုက်ပါတယ်..။

များပြားလှတဲ့ ဆိုင်ပိုင်ရှင်တွေက သူတို့ကို ရပ်တန့်ဖို့ ပြောနေကြပေမယ့်လည်း သူတို့ကတော့ မရပ်တန့်ကြပေ..။

အကြီးအကဲ ခွေးကတော့..သူ့ရှေ့က မြင်ကွင်းကို..ကြည့်ပြီး..ဒေါသတကြီး ဟောင်နေခဲ့တယ်..။အစ်မဟောင်ကတော့.ဘေးနားကနေပြီး..သူ့ကို အလျင်မလိုဖို့ ပြောဆိုနေခဲ့ပါတယ်..။ဒေါသထွက်တာကတော့ သူမလည်း အတူတူပါပဲ..။

"အဲ့မှာ ရပ်နေလိုက်..။နင်တို့ ဘာလုပ်ကြတာလဲ..။ဒါက တိမ်ဖြူလမ်းရဲ့ ခွေးတွေပဲ..။နင်တို့က ဘာကိစ္စသူတို့ကို ဖမ်းနေရတာလဲ.."

အစ်မဟောင် ဒေါသတကြီး အော်လိုက်တာပါ..။

အလုပ်သမားတစ်ယောက်ဟာ..သူတို့ကို..ဘာသက်ရောက်မူမှ မရှိသလို တည်ငြိမ်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်...။သူ ပြောနေရင်းနဲ့ ခွေးတစ်ကောင်ကို ပါလာတဲ့ ကိရိယာနဲ့ ညှပ်ပြီး ဖမ်းလိုက်ပါတယ်..။သို့ပေမယ့်  ခွေးက လျှင်မြန်စွာ ရှောင်တိမ်းလိုက်တာကြောင့် မမိခဲ့ပေ..။

"ဒါက အထက်က ပေးတဲ့ အမိန့်ပဲ..။ဒီမှာ လမ်းဘေးခွေးတွေ အရမ်းများနေတာက..သက်ရောက်မူကြီးမားစေတယ်..။သူတို့က လူတွေကိုတောင် ရန်ပြုနေကြတာလေ..။ဒိီတော့ ကျုပ်တို့..ရှင်းလင်းဖို့ လိုအပ်တယ်..။အမြန်ဘေးကို ဖယ်နေကြပါ..။ဒီခွေးတွေက ခင်ဗျားတို့ ခွေး မဟုတ်တော့..ဘာမှ ဂရုစိုက်ပေးနေဖို့ မလိုဘူး.."

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now