1031 - 1035

159 6 0
                                    

A Valiant Life 1031
အပိုင်း ( ၁၀၃၁ ) မိုင်တု ရှီရှီကို မသိဘူးလား

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း..။

လင်းဖန် သူ့ရဲ့နောက်ကျောပုံက မှတ်ချက်တွေကို ကြည့်နေခဲ့တယ်..။ဒီလူတွေ ပြေတာက သိပ်တော့မဟုတ်သေးဘူးလို့ သူခံစားလိုက်ရပါတယ်..။ဒါက အနည်းငယ်တော့..ချွတ်ယွင်းချက်တွေ ရှိနေခဲ့ပါတယ်..။

ဒီ ကူးစက်ရောဂါက အရမ်းလွယ်ကူပြီး ဘာပြသနာမှ မဟုတ်ဘူးဆိုတာ ဘာကို ပြောချင်တာလဲ..။လက်းဖန် ဒါကိုတော့ လက်မခံနိုင်ပေ..။သူတို့က..သူ့ကို လွဲမှားတဲ့ ပုံစံတွေနဲ့မြှောက်ပင့်နေကြတာပါ..။ဒီ ရောဂါက ..သူသာ မရှိရင်  ပျောက်ကင်းဖို့ ဆိုတာ အရမ်းခက်ခဲမှာ အသိသာကြီးပါပဲ..။

သူက ရဲရင့်ပြီး..အများအကျိုးအတွက် ဆောက်ရွက်ပေးတတ်တဲ့..မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင်လို့ ရေးထားတာတွေ အတွက်ကတော့ သူ လက်ခံပါတယ်..။

ဘာပဲဖြစိဖြစ် သူက တကယ်ပဲ ကြင်နာတတ်တဲ့လသတစ်ယောက်ပါ..။

ဝူယူလန် လင်းဖန် ရဲ့ နောက်ဘက်ကို လာပြီး နိပ်ေးလိုက်တယ်..။သူရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတွေကို ညှင်သာစွာ ဖွင့်လိုက်ပြီး..

"အစ်ကိုလင်း..အင်တာနက်ပေါ်က လူတိုင်းက..အစ်ကိုလင်းကို ချီးကျုးနေကြတယ်.."

လင်းဖန်  ဇိမ်ကျကျ မှီလိုက်တယ်..။ဒီနေ့ရက် တွေက အတော်လေး သက်သောင့်သက်သာ ရှိပြီး ဖြတ်သန်းရ လွယ်ကူတယ်လို့ ပြောလို့ရပါတယ်..။

"သူတို့က...ငါ့ ကို  ချီးကျူးနေကြတာမဟုတ်ဘူး..။မှားယွင်းပြီး မြှောက်ပင့်နေကြတာပဲ.."

ယင်းနောက် သူ မှတ်ချက် တစ်ခုကိုမပျော်ရွှင်စွာ  ညွှန်ပြလိုက်တယ်..။

"ဒီ မှတ်ချက်ကိုပဲ ကြည့်လိုက်..။သူပြောတာက..ငါက စပါယ်ရှယ်လစ်တွေရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲတဲ့..။ညီမရော..အဲလိုပဲ ထင်လား.."

"ပြီးတော့ ဒီတစ်ခု ဆိုရင် ပိုတောင် ဆိုးသေးတယ်..။သူပြောတာက ကူးစက်ရောဂါက ဖြေရှင်းရ အရမ်းလွယ်ကူလို့  ငါက ဒုတိယနေ့အထိ ရည်ရွယ်ချက်ရှိရှိ စောင့်နေတာတဲ့..။ဒါက မှားယွင်းတဲ့ စွပ်စွဲချက်တွေ မဟုတ်ဘူးဆိုရင် ဘာတွေမှန်းတောင် မသိတော့ဘူး.."

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now