1026 - 1030

129 6 0
                                    

A Valiant Life 1025
အပိုင်း ( ၁၀၂၅ ) တစ်ယောက်တည်း သွားမယ်

#ဘာသာပြန် = စနိုးဝှိုက်
.
အချိန်တွေက တဖြည်းဖြည်းကုန်ပြီး နေ့လယ်ဘက်ကို ရောက်လာခဲ့တယ်..။

"ဆရာ..ကျွန်တော်တို့ ခနနေရင် ရောက်တော့မယ်."

ကျိုးမင်ချင်းက မြေပုံကို တစ်ချ်ိန်လုံး ကြည့်နေခဲ့တာပါ..။သူ..ကီလိုမီတာ အနည်းလောက်ပဲ ကျန်တော့ တာကို သိလိုက်တဲ့ အချိန်မှာ စတင်ပြီး ကြောက်လန့်လာခဲ့တယ် ..။

"ဘာဖြစ်လို့လဲ..ခင်ဗျားက ကြောက်နေတာလား.."

လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။ဒါက..ဘာပဲဖြစ်ဖြစ်..ကူးစက်ရောဂါ တစ်ခုပါ..။တကယ်လို့..သူတို့  မကုသနိုင်ဘူးဆိုရင်..သူတို့ကို ကူးစက်ခံရမှာပါ..။ဒါကြောင့်..ဘယ်နေရာမှာပဲ..ကူးစက်ရောဂါ ထွက်ပေါ်လာလာ..ပထမဆုံး ဆေးဝါးကူညီမူ ပေးတဲ့ လူတွေက တကယ်ကို သတ္တိရှိတဲ့လူတွေပါ..။

ဘာပဲဖြစ်ဖြစ်..တစ်စုံတစ်ယောက်က..ဒေါက်တာ ဆိုတာနဲ့ ...ကူးစက်ရောဂါပိုး ကူးစက်မခံရတောဘူးလို့ မဆိုလိုပါဘူး..။

"နည်းနည်းလောက်ပါ..။ဒါ အဆင်ပြေပါတယ်.."

ကျိုးမင်ချင်း ပြောလိုက်တာပါ..။

တရုတ်ဆေးပညာကို နှစ်ပေါင်းများစွာကြာအောင်..လေ့လာပြီး အတွေ့အကြုံတွေ ရှိပေမယ့်..ဒီလို အခြေအနေ မျိုးကိုတော့ ဘယ်တုန်းကမှ မကြုံဖူးပါဘူး..။ဘာပဲဖြစ်ဖြစ်   ဒါက တရုတ်ဆေးပညာပါ..။အဓိက အခြေအနေ တွေ ကြုံလာရတဲ့ အချိန်တိုင်း..သူလုံးဝ..စမ်းသပ်ရှာဖွေမူတွေ မပြုလုပ်နိုင်ခဲ့ပါဘူး..။

လင်းဖန် ကျိုးမင်ချင်းရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"စိတ်အေးအေးထားပါ..။ကျုပ် ဘေးနားမှာ ရှိနေမှတော့ အဆင်ပြေသွားမှာပါ..။ဒီ ကူးစက်ရောဂါက ဘာမှ မဟုတ်ပါဘူး.."

ဒါက လျောက်ပြောနေတာ မဟုတ်ပေ..။သူ တကယ်ပဲ  ဒီလို ယုံကြည်ပါတယ်..။ဘာပဲဖြစ်ဖြစ် သူ့ရဲ့ လက်ရှိစွမ်းရည်တွေနဲ့ ကူးစက်ရောဂါ လောက်ကို ထိပ်လန့်ပြီး ထွက်ပြေးနေမယ် ဆိုရင်..ကိုယ့်ကိုကို တွင်းတစ်တွင်းထဲမှာပဲ မြုပ်နှံလိုက်ပါတော့မယ်..။

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now