1066 - 1070

111 6 0
                                    

A Valiant Life 1066
အပိုင်း ( ၁၀၆၆ )

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ဝူယူလန်ရဲ့ အံ့ဩနေတဲ့ မျက်နှာကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"ဘာဖြစ်လို့လဲ.."

ဝူယူလန် အသိဝင်လာခဲ့ပြီး..

"ဘာမှမဟုတ်ပါဘူး..။ဒီတိုင်း ပွဲစားက ညီမတို့ကို လက်မှတ်ပေးသွားလိမ့်မယ်လို့ မထင်ထားခဲ့လို့ပါ.."

လင်းဖန် ပြောလိုက်တယ်..။

"သူတို့က တိမ်ဖြူလမ်းမှာ ပန်ကိတ်ပြန်ရောင်းရင်း ရနေတဲ့ ဝင်ငွေက နည်းတာမဟုတ်ဘူးဘေ..။တို့ကို ရှေ့တန်းက လက်မှတ်ကို..ပေးခဲ့တာက ကျေးဇူးတင်ကြောင့် ပြတဲ့ သဘောတရားပဲပေါ့.."

ဝူယူလန် ပါးစပ်ကို လက်နဲ့ ပိတ်ကာ ရယ်မောလိုက်ပြီး..

"ညီမထင်တာတော့ သူတို့က အစ်ကိုလင်းနဲ့..ပိုပြီးရင်းနှီးချင်နေတာဖြစ်မယ်.."

"ကောင်းပြီလေ...ပြောတာ တော်လောက်ပြီ..။အခု သွားပြီးတန်းစီကြတာပေါ့.."

လင်းဖန် ပြောလိုက်တာပါ..။ဒါက တန်းစီဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ..။

"ဟေး မာစတာလင်း.."

အဲ့အချိန်မှာတော့..အသံတစ်ခုကို နောက်ကနေ ကြားလိုက်ရတယ်..။

လင်းဖန် လှည့်ပြီးကြည့်လိုက်ပေမယ့် ကြောင်အသွားခဲ့ပါတယ်..။

"ခင်ဗျားက..."

ဝူယူလန် ခနလောက် စဥ်းစားပြီးမှ မှတ်မိသွားခဲ့တယ်..။

"ရွှေရောင် ပန်းပွင့်များ အသင်းရဲ့ နည်းပြ ဝူဇီလား.."

ဝူဇီ ပြုံးလိုက်ပြီး..

"ဟုတ်တယ်..ကျွန်တော်က ရွှေရောင်ပန်းပွင့်များ အသင်းရဲ့ နည်းပြ ဝူဇီပါ..။တစ်ယောက်ယောက်က ကျွန်တော်ကို မှတ်မိလိမ့်မယ်လို့ မထင်ထားဘူး..။မာစတာလင်း တို့ နှစ်ယောက်က ပွဲလာကြည့်တာလား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"အင်း..."

လင်းဖန်လည်း ဒီအသင်းရဲ့ နည်းပြက သူ့က်ို မှတ်မိနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။ကြည့်ရတာ သူ့ရဲ့ ကျော်ကြားမူက တကယ်ကို ပေါက်ရောက်နေတဲ့ ပုံပါပဲ..။

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now