1046 - 1050

181 6 0
                                    

A Valiant life 1046
အပိုင်း ( ၁၀၄၆ )

#ဘာသာပြန် = စနိုးဝှိုက်

ညအချိန်မှာတော့..အဖေလင်းဟာ မူးပြီး ပြန်လာခဲ့ပါတယ်..။သို့ပေမယ့်..သူ့မှာ အတော်ကောင်းမွန်တဲ့ ခံစားချက် ဖြစိပေါ်နေခဲ့ပါတယ်..။ကြည့်ရတာတော့ ဒီနေ့ည စုဝေးမူက သူ့ကို အတော်လေး ပျော်ရွှင်စေခဲ့တဲ့ ပုံပါပဲ..။

လင်းဖန် အတွက်တော့..သူ့ မိသားစုက..ပျော်ရွှင်နေသ၍  ဒါက အဆင်ပြေပါတယ်..။ကျန်တဲ့ အရာတွေ အတွက်ဆိုရင်တော့ အများကြီးတွေးနေဖို့တောင် မလိုပါဘူး..။

ဒီတစ်ကြိမ် ကံကောင်းချင်တော့..ဝိုက်ဘိုပေါ်က သူ့မက်ဆေ့က..လူတွေ အများကြီးကို ဆွဲဆောင်ခဲ့ပါတယ်..။မဟုတ်ရင် ဒါက ဒီလောက်ထိ ကိုင်တွယ်ရခက်ခဲမှာမဟုတ်ပါဘူး..။

အိမ်မှာ ရက်အနည်းငယ်လောက် နေပြီးတဲ့ နောက်မှာ တော့ သူရှန်ဟိုင်းကို ပြန်ဖို့ စီစဥ်ခဲ့ပါတယ်..။

အဖေလင်းနဲ့ အမေလင်းဟာ သူ့ကို လေဆိပ်အထိ လိုက်ပို့ပေးခဲ့ကြတယ်..။

အမေလင်းကတော့..သူ့သားနဲ့ သိပ်ပြီး မခွဲချင်ပါဘူး..။

"သား..အဝေးမှာ အချိန်အနည်းငယ်လောက် ကြာအောင် နေရင် လုံလောက်ပြီ..။အနာဂတ်မှာ ကျုံးကျိုးကို ပြန်လာခဲ့တော့ ဟုတ်ပြီလား.."

အဖေလင်းဟာ ဘေးနားကနေ ပြောလိုက်တယ်..။

"မင်း ဘာသိလို့လဲ..။ငါတို့ သားက အပြင်မှာ အကောင်းဆုံးလုပ်နေတာ..ဘာလို့ သူက ပြန်လာရမှာလဲ..။တကယ်လို့ ငါတို့သားကို လွမ်းလာလို့ ရှိရင် ရှန်ဟိုင်းကို လိုက်သွားပြီး တွေ့လို့ရတာပဲ..."

လင်းဖန် ပြုံးလိုက်ပြီး..

"အဖေ..အမေ..စိတ်မပူပါနဲ့..။ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြို့တော်ဝန် ကျန်းနဲ့ စကားပြောပြီးပါပြီ..။သားက ကိုယ့်မွေးရပ်မြေကိုတော့ ပြန်လာရမှာပေါ့..ဟုတ်တယ်မလား..။သား ရှန်ဟိုင်းမှာ နှစ်အနည်းငယ်လောက် နေပြီးရင် ပြန်လာခဲ့မှာပါ..။စိတ်မပူနဲ့ သားက အဖေတို့ အမေတို့ကို အသက်ကြီးတဲ့ အထိ စောင့်ရှောက်သွားမှာ..။ဘယ်လိုလုပ် သားက အမြဲတမ်း အပြင်မှာနေမှာလဲ.."

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now