1001 - 1005

157 4 0
                                    

A Valiant Life 1001
အပိုင်း ( ၁၀၀၁ ) မင်းက သူရဲကောင်းဖြစ်မယ့် အခွင့်                    
                         အရေးကို ခိုးယူချင်နေတာပဲ..

#ဘာသာပြန် = စန်ိုးဝှိုက်

ခန်းမတွင်..။

အကြီးအကဲ ခွေးဟာ သူ ဆုယူရတော့မယ် ဆိုတာကို သိတဲ့ အချိန်မှာ..ပရိတ်သတ်တွေနဲ့ တွေ့ဖို့အတွကိ ..ခေါင်းကို မော့ပြီး လေးနက်တဲ့ မျက်နှာနဲ့ လျောက်ထွက်လာခဲ့ပါတယ်..။လင်းဖန် သူ့နောက်က လိုက်လာခဲ့တယ်..။အကြီးအကဲ ခွေးရဲ့အမူအရာကို ကြည့်ပြီး..လင်းဖန် ခေါင်းခါယမ်းလိုက်ပါတယ်..။

"သူ ထွက်လာပြီ..."

အားလုံးရဲ့..စိတ်တွေဟာ..လှုပိရှားနေပြီး..အကြီးအကဲ ခွေးကိုသာ မျက်တောင် မခတ်တမ်း ကြည့်နေခဲ့ကြတယ်..။

အင်တာနက်..။

"ဟားဟား..အကြီးအကဲ ခွေး ထွက်လာပြီ..။သူ့ပုံစံက..တကယ် မြောက်ကြွ မြောက်ကြွ ဖြစ်နေတယ်နော်..."

"ဟုတ်တယ်..သူက ဆုရတယ် ဆိုတာ သိနေတဲ့ပုံပဲ..။သူ့ ရဲ့ အမူအရာက..တကယ် ဆိုးတယိ..."

"ငါမှားသွားတယ်..။ငါ ဒီခွေးကို သံသယ မဖြစ်ခဲ့သင့်ဘူး..။သူက အတော်လေး ရဲရင့်တာပဲ..။လူတွေ တောင်မှ သူလုပ်သလို လိုက်မလုပ်ရဲလောက်ဘူး.."

"ဟမ့်..အကြီးအကဲ ခွေးကို ဘယ်တော့မှ သံသယ မဝင်နဲ့..။အကြီးအကဲ ခွေးဆိုတာက စိတ်ကူးယဥ်လို့ မရတဲ့ ဖြစ်တည်မူပဲ.."

"ဟားဟား..မာစတာလင်းက အကြီးအကဲ ခွေးနောက်က လိုက်လာရတာပဲ..။သူ့ခွေး ရဲ့ ဂုဏ်ယူစရာ အခိုက်အတန့်မှာ ပျော်ရွှင်နေလောက်တယ်.."

"တကယ်တော့ မာစတာလင်းလည်း ဒီဆုကို ရသင့်တယ်..။ဘာလို့ မရတာလဲ တော့ ငါ နားမလည်တော့ဘူး.."

အစီစဥ် တင်ဆက်သူဟာ..အနည်းငယ် အံ့ဩနေခဲ့တယ်..။ယင်းနောက် သူ ရှေ့ကို လျောက်လာခဲ့ပါတယ်..။ဒီလို အခြေအနေ မျိုးက သူပထမဆုံး အကြိမ် ကြုံရတာ ဖြစ်ပြီး..တရုတ်ပြည် ထိပ်တန်း်ယောက် ဆုပေးပွဲ မှာ လူသား မဟုတ်ပဲ ဆုရတာကလည်း ပထမဆုံးပါ..။

စင်ရဲ့ အလယ်မှာတော ထိုင်ခုံသုံးခုံ ရှိနေခဲ့တယ်..။ဒီမှာ ကော်ဖီ ခွက်တွေနဲ့..ပန်းအိုးတစ်လုံး  ရှိနေခဲ့ပါတယ်..။

စွယ်စုံကျမ်း အရှင်သခင် - A valiant of life (လင်းဖန်) book 2Where stories live. Discover now