ဒီရက်ပိုင်း ဂျီမင်းကလည်း Commission အရေးတကြီးဆွဲနေရသည်မို့ မအားလပ်တဲ့အပြင် ဂျောင်ဂုကလည်း ဂျီမင်းအနားမရှိနေခဲ့ပါ။ ဂျီမင်းအားလုံးပြီးသွားလို့ သတိထားမိတော့ ဦးက တကယ်ကြီး သူ့ကိုဖုန်းပင်မဆက်ခဲ့ပေ။ နေ့တိုင်း စားဖို့မေးတာရယ် ညစောစောအနားယူဖို့ပြောတာကလွဲရင် မက်ဆေ့တောင် မှန်မှန်မပို့ခဲ့။ အားပြီမို့ ဖုန်းခေါ်တော့လည်း အစည်းအဝေးရှိသည်ဟုဆိုကာ မြန်မြန်ဆန်ဆန်ပင် ဖုန်းချသွားသည်။
ဂျီမင်း ကုမ္ပဏီသို့သာ လိုက်သွားဖို့ပြင်လိုက်တော့၏။ သူ့ကို ဒီလိုပစ်ထားလို့မရ။
" ဒီကုမ္ပဏီရဲ့ဥက္ကဌက အလန်းကြီးနော် သမီး
တော်လည်းတော်ပြီး အသက်အရွယ်ကြောင့်ရော ရင့်ကျက်တည်ငြိမ်တယ် "" ဒယ်ဒီနော် ဘာကိုပြောချင်နေတာလဲ "
" သူ့ကိုသာရရင် ဒယ်ဒီတို့အတွက် ဆယ်ဘဝလောက် တော်ဝင်မျိုးနွယ်ဖြစ်ရလိမ့်မယ် "
ပရောဂျက်တစ်ခုအတွက် ရင်းနှီးမြှုပ်နှံဖို့ လာဆွေးနွေးသည့် ဆေးကုမ္ပဏီတစ်ခု၏သူဌေးမှာ သူ့သမီးအား အကြံပေးနေခြင်း။ သမီးဖြစ်သူကလည်း သူ၏အလှကိုလွန်ဆန်နိုင်သူမရှိတာကြောင့် ဒယ်ဒီစောင့်နေလိုက်ဟု ပြန်ကြွားလုံးကြီးနေသည်။
" မင်္ဂလာပါရှင့် "
အတွင်းရေးမှူးမှ နှုတ်ဆက်လာသည်။
" ဥက္ကဌဂျွန်ဂျောင်ဂုနဲ့တွေ့ချင်လို့ "
" ဟုတ်ကဲ့ ကြိုတင်ချိန်းထားတာရှိပါသလားရှင့် "
" ရှိတယ် "
အတွင်းရေးမှုသည် အပွိုင့်မန့်လစ်အားတစ်ချက်ကြည့်ပြီး ကြိုချိန်းထားတာသေချာမှုရှိမရှိစစ်ကြည့်လိုက်ပြီးနောက် သေချာတာကြောင့် ဥက္ကဌရုံးခန်းသို့ လိုက်ပို့ပေးလိုက်သည်။
" ဥက္ကဌဂျွန်ရှင့် ဆေးကုမ္ပဏီကသူဌေးရောက်နေပါပြီ "
" ဝင်ခဲ့ခိုင်းလိုက်ပါ "
ထွက်လာသည့်အသံက ဥက္ကဌအသံမဟုတ်ဘဲ ဥက္ကဌ၏အချစ်တော်လေးအသံဖြစ်နေတာကြောင့် အတွင်းရေးမှူမှာ မိုးကြိုးပစ်ခံလိုက်ရသလို ဦးရေများပင်ကျိန်းစပ်သွား၏။ သူအလုပ်ထဲအာရုံရောက်နေတုန်း ဝင်သွားတာဖြစ်မည်။ နည်းနည်းလေးတောင် သတိမထားမိလိုက်သည်ကြောင့် ဒူးပါတုန်လာတော့၏။ ဥက္ကဌက သူ့ကလေးလေးလာရင် လုံးဝတံခါးလာမခေါက်ရန် အမိန့်ထုတ်ထားသည်မဟုတ်လား။
YOU ARE READING
ဦး
Fanficပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။