"တစ်ခုခုစားလိုက်အုံး မင်းပါလဲသွားလို့မရဘူးလေနော်"
"ဘယ်လိုစိတ်နဲ့စားနိုင်မှာလဲ Jimin ရာ"
မျက်ကွင်းတွေညိုမဲကာ ဖရိုဖရဲအဝတ်အစားတွေနဲ့ဖြူလွှလွှကုတင်ပေါ်က လူသားရဲ့လက်ကို ဆုပ်ကိုင်ကာ ငူငူကြီးထိုင်နေသူမှာ ဂျွန်။မနေ့ညကလဲ တရေးမှ မအိပ်။မနက်စာကြတော့လဲ ကျွေးမရ နေ့လည်ကြရင် စားပါ့မယ်ဆိုပြီး ခုညတောင်ရောက်လာပြီ အစာနဲ့တူတာတစ်ခုမှ ဂျွန့်ဗိုက်ထဲ မရောက်သေးချေ။ချော့မော့ကျွေးလဲမရ ခြိမ်းခြောက်ပြီးကျွေးလဲမရ ခက်တော့ခက်ချေပြီ။ယောင်းကလဲ ခုချိန်ထိသတိမရသေးပေ။ယောင်း ဟုတ်တယ် ယောင်းက ဂျွန့်ရည်းစားပဲ ယောင်းနဲ့ခြိမ်းခြောက်ရင်ရမှာ။ငါဘာလို့ ခုမှ ဒီအကြံကိုရတာလဲ။jiminတစ်ယောက် ကိုယ့်ကိုယ်ကိုအပြစ်တင်ကာ ကုတင်ဘေးမှာထိုင်နေတဲ့သူစီသွား၍ နည်းအသစ်နဲ့ ခြိမ်းခြောက်ရတော့သည်။
"လာပါကွာ ယောင်းသတိရလာလို့ မင်းကိုဒီလိုပုံစံနဲ့မြင်ရရင် ဘယ်စိတ်ချမ်းသာမလဲ စားလိုက်နော်"
"ဟုတ်တယ်နော် ထယ်ဆူနေလိမ့်မယ်"
"အင်း အဲ့တာမို့ လာစား"
ကုတင်ဘေးကနေ လေးလေးပင်ပင်ထလာတဲ့သူဟာ အတော်ကိုစိတ်ပူနေမှန်း သိသာလှသည်။ယိုင်တိုင်တိုင်နဲ့ ဆိုဖာခုံတွေကြားဝင်ထိုင်ကာ ပြင်ပေးထားတဲ့စားစရာတွေကို ထိုးမွှေးနေပြန်သည်။ဂျွန့်ကို ဒီလိုပုံစံနဲ့တစ်ခါမှ မမြင်ဘူးခဲ့ အမြဲတမ်းတက်ကြွနေကာ ကြည့်လိုက်တာနဲ့ ကိုယ်ပါ တက်ကြွလာတာမျိုး။ဂျွန့်ကိုခုလိုပုံမျိုးနဲ့ မြင်ရတော့ နှလုံးသားကစစ်ကနဲ။မင်းအတွက် မြူတစ်မှုန်စာတောင်နေရာမရှိပါဘူးကွာလို့ ပြောခံနေရသလို။
"ဆရာဝန်ပြောတယ်မလား ပြန်သက်သာလာမှာ မီးခိုးငွေ့တွေ အများကြီး ရှူမိလိုက်လို့ အသက်ရှုကြပ်ပြီး ရှော့ခ်ရသွားတာပါတဲ့လေ"
"ငါသိပါတယ် ငါပေါ့ဆလို့ ဒီလိုဖြစ်သွားတယ် ထင်နေမိလို့"
အမှန်တိုင်းပြောရရင် Jungkook တစ်ယောက် Jimin ကိုနည်းနည်းတော့ သံသယဝင်မိတယ်။ဦးနှောက်ကအဲ့လိုထင်နေလဲ ဘာမှန်းမသိတဲ့ခံစားချက်ကြီးနဲ့ နှလုံးသားက Jimin မဟုတ်ပါဘူးလို့ အထပ်ထပ်ငြင်းပြန်တယ်။တစ်နေကုန် ငူငိုင်နေရတာက ထယ့်ကို အရမ်းစိတ်ပူနေလို့မဟုတ်။ရှုပ်ထွေးနေတဲ့စိတ်တွေကို ရှင်းပြီးအတွေးတွေနယ်ချဲ့နေမိတာ။ငါသံသယဝင်သင့်လား သံသယဝင်တာမှားနေပြီလားဆိုတဲ့ နှစ်ချက်နဲ့ တစ်ညလုံးရော တစ်နေကုန်ရော တိုင်ပတ်နေခဲ့တာ။
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါမောင်..."