ep _ 33

559 24 6
                                    


မုန်တိုင်းပြီးသွား၍ ပြန်လည်သာယာနေသော မနက်ခင်းတစ်ခုဟာ ကြည်ကြည်လင်လင်။ပတ်ဝန်းကျင်တစ်ခုလုံးတွင်မုန်တိုင်းအတွင်း မြေ‌ပြင်ပေါ်သက်ဆင်းသွားခဲ့သော မိုးရေစက်လေးများ၏စိုစွတ်မှုသည် ယခုထိတိုင် အေးချမ်းမှုကို ပေးလျက်။သာသာယာယာမနက်ခင်းရဲ့‌ေနရောင်ခြည်‌ေနွး‌ေနွးလေးနှင့်အတူ လေနုအေးတို့သည်အခန်းတွင်းဖြန့်ကျက်‌ဖြာကျနေ၏။မဖွင့်ချင်သေးတဲ့ မျက်လုံးအစုံကို အားယူကာဖွင့်လိုက်ပြီးတစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာများကိုဆောင်ရွက်ရတော့သည်။မျက်နှာသစ်လို့ပင်မပြီးသေး ကိုကိုရောက်လာကာ min yoongi hyung ရောက်နေကြောင်းကို လာပြောသွား၍ အမြန်ဆုံးပြင်ဆင်ကာ အောက်ထပ်ပြေးဆင်းရတော့သည်။

အနက်ရောင် suitနှင့် တည်ကြည်ခန့်ငြားနေသော hyung သည် ဧည့်ခန်းထဲတွင် ခြေချိတ်ထိုင်နေသည်။ဖုန်းသုံး‌ေနတာ‌ေကြာင့် ဘေးပတ်ဝန်းကျင်ကိုသတိထားမိဟန်မရှိ။

"yoongi hyung "

"ဪ min ရုံသွားမှာမို့လား ကိုယ်လိုက်ပို့ပေးမယ်"

"ငယ်လေးရေ မနက်စာ ကိုကိုပြင်ထားတယ်နော် စားသွားအုံး"

မီးဖိုခန်းထဲမှ ဂျူတီကုတ်ကြီး တလွှားလွှားဖြင့် မနက်စာပြက်နေသော ကိုကိုသည် အသံပြဲနှင့်လှမ်းအော်၏။ကိုကိုဘာတွေစားလို့ အသံအောင်တာပါလိမ့်.....စဉ်းစားလို့ကိုမရဘူး။

"ဟို မနက်စာကကိုယ်ကျွေးပါ့မယ် စကားလေးလဲပြောရင်းသွားရအောင်လေ"

"ဟုတ်ကဲ့ပါ ကျွန်တော် ကိုကို့ကို ပြောလိုက်အုံးမယ်"

"ကိုယ်ကားပေါ်ကစောင့်နေမယ်"

"ကိုကိုရေ မနက်စာအပြင်မှာပဲစားလိုက်တော့မယ် ကျွန်တော်သွားပြီနော်"

"ဂရုစိုက်သွား"

အိမ်ကနေထွက်လာထဲက တစ်ယောက်နှင့်တစ်ယောက်စကားမပြောမိကျ။ကိုယ့်ဘက်ကလဲမစသလို သူ့ဘက်ကလဲမစတာမို့ ကားမှန်ချကာ ပြင်ပမှလာသော ခပ်ကြမ်းကြမ်းလေးများကို မျက်စိမှိတ်၍ အပြည့်အဝခံစားလိုက်သည်။
မိုးရွာထားတာ မနေ့တစ်နေ့ကဖြစ်တာကြောင့် မျက်နှာထံလာရိုက်ခတ်သော ခပ်ကြမ်းကြမ်းလေများတွင် အအေးဓာတ်လေးပါနေသည်။မှိတ်ထားသောမျက်စိများကို ဖွင့်၍ လမ်းမထက် အကြည့်ပို့လိုက်ရာ ချစ်သူရည်းစားတို့၏ ကျီစယ်နေသော ပုံရိပ်များ မိဘတွေက အတူဆော့ပေးလို့ ရယ်မောနေကြတဲ့ က‌ေလးငယ်လေးများဖြင့် အတော်ကြည့်ကောင်းသည်။ထိုစဉ် ကိုယ်လိုက်ပါလာသော min yoongi hyung ရဲ့ကားဟာ ဆိုင်လေးတစ်ဆိုရှေ့တွင် ထိုးရပ်သွားခဲ့သည်။

အချစ်ရှိရာ Where stories live. Discover now