"မင်းက လူနာနဲ့ ဘာတော်လဲ"
"သူ့ချစ်သူပါ"
ဘာတော်လဲဆိုတာနဲ့ ပြန်ဖြေလိုက်သည့်အဖြေသည် ချက်ချင်း "သူ့ချစ်သူ"တဲ့။ဘာမှမဆိုင်သေးပေမယ့် ကိုယ်ကဆိုင်ချင်နေတဲ့သူဆိုတော့လဲ အများကြီး လျှောက်တွေးမနေတော့ တစ်ခါထဲဖြစ်ချင်တာသာပြောလိုက်သည်။
"ခွဲစိတ်ဖို့ အချိန် 3နာရီပဲရမယ် လောလောဆယ် သွေးအရင်ရှာပေးပါ ကျွန်တော်တို့လဲ တတ်နိုင်သလောက် ရှာပေးနေပါတယ်"
"ဘယ်လောက်များလိုတာလဲ"
"ရနိုင်သမျှ များများရှာခဲ့ပါ "
"ဒေါက်တာ အသက်ရှုနှုန်းတွေ ပုံမှန်မဟုတ်တော့ဘူး လာကြည့်ပေးပါအုံး"
"မြန်မြန်ရှာထားပေး"
ဆရာဝန်ပေါက်စလေးတစ်ယောက်သည် ခွဲခန်းထဲမှ အပြင်သို့ ခေါင်းပြူကာ ပြာပြာသလဲဖြင့် ဒေါက်တာဆိုသူအားလာခေါ်သည်။အသက်ရှူနှုန်းေတွ ပုံမှန်မဟုတ်တော့ဘူး သွေးလိုတယ် ရနိုင်သမျှ များများ ဒီစကားတွေသာ အထပ်ထပ်ကြားေယာင်ရင်း စိုးရိမ်စိတ်တွေသည် မျက်ရည်များအဖြစ် လည်လာချေပြီ။
"jeon Jungkook ခွပ်!"
"မင်းကြောင့် အရာအားလုံး မင်းကြောင့် ဒီလိုဖြစ်ရတာ အားလုံးမင်းကြောင့်"
jimin နဲ့ပြဿနာဖြစ်ထဲက တစ်ချိန်လုံး ငြိမ်နေသည့် hoseok သည် ဒီတစ်ချိန်မှာတော့ Jungkook ကို တွေ့သည်နှင့် စိတ်မထိန်းနိုင်စွာ ထိုးတော့သည်။မျက်အိမ်များနီရဲကာ ပါးပြင်ပေါ်တွင်လဲ မျက်ရည်ဗလဗွနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။namjoon hyung သည်လဲ ဝင်မဆွဲ အကြည့်စူးစူးတို့ဖြင့်သာကြည့်နေသည်။
"hoseok hyung ရယ် တော်ပါတော့ ဆေးရုံကြီးမှာလေ"
နေမကောင်းတဲ့ ယောင်းတောင်ပါလာတာပဲ။လူတစ်ယောက်လုံးကိုတောင်မမြင်နိုင်တဲ့ထိ ဂျွန်စိတ်တွေပူနေခဲ့တာ။ယောင်းဝင်ဆွဲလိုက်မှ ရပ်သွားသည့်သူသည် လေပူေတွမှုတ်ထုတ်ကာ ခွဲစိတ်ခန်းရဲ့မျက်နှာချင်းဆိုင်ရှိ ခုံပေါ်ဝင်ထိုင်သွားသည်။min yoongiပါ ပါလာခဲ့တာပဲ။ဝင်မဆွဲတဲ့အပြင်
သူပါပြေးထိုးတော့မလို မျက်နှာပေးနဲ့ကြည့်နေခဲ့တာ။အားလုံးက ဂျွန့်ကို စိတ်ကုန်နေခဲ့တဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တာ။
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါမောင်..."