"မင်း စေ့စပ်ရမယ် ထပ်ငြင်းမနေနဲ့တော့"
အရေးကြီး ပြောစရာရှိလို့ အိမ်ပြန်လာခဲ့ပါအုံးဆိုတဲ့ ဖခင်ဖြစ်သူရဲ့ တစ်ချက်လွတ်အမိန့်ကြောင့်
အိမ်လေးပြန်လာပါတယ်ရောက်ရောက်ချင်းေဆာက်နဲ့ထွင်းဆိုသလိုပဲ ပြောလိုက်တဲ့စကားက စားလက်စထမင်းတွေပါ နင်ကာ ဂျွန့်ကို မျက်မှောင်တွေအဆုံးထိကျံု့စေသည်အထိ။ကိုယ်ဘာသာ ကွန်ဒိုမှာ နေနေတာအကောင်း အိမ်ပြန်လာမှ စိတ်ဒုက္ခတွေ ချက်ချင်းရလိုက်သည်။ဒယ်ဒီက ဂျွန် ငယ်စဉ်ထဲက သူ့အမိန့်တွေအောက်မှာပဲ ကြီးပြင်းစေခဲ့တာမို့ အသက်23,24အပိုင်းအချား ရောက်သည့်တိုင် အမိန့်တွေပေးနေစဲ။
မိဘဆိုတိုင်း လုပ်ချင်တိုင်းကိုလုပ် ပြောချင်တိုင်းကိုပြောနေတော့တာပဲ။သားသမီးရဲ့ ဆန္ဒကို ထည့်မတွက်ပဲ ဖြစ်ချင်တာကိုသာ ရွေးပြောတယ် ဒယ်ဒီဟာ အမြဲတမ်း သူဖြစ်ချင်တာကိုပဲ ကိုယ့်ကိုယ်လိုက်လုပ်စေသည်။ငယ်စဉ်ထဲက ကိုယ်ဖြစ်ချင်တာကို ပြောလဲ သူလက်မခံခဲ့။စေ့စပ်ရမယ့်ကိစ္စကလဲ သွေးရိုးသားရိုးတော့မဖြစ်နိုင်။ဟိုမိန်းကလေးတိုက်တွန်းလို့ အိမ်ထိခေါ်ပြီး အသိပေးခြင်းဖြစ်လိမ့်မည်။ကိုကိုလက်မခံရင် မလုပ်ပါဘူးဆိုပြီး နောက်ဆုံးကျ အစွယ်တွေပေါ်လာတာပါပဲ။မိန်းမတွေများ ပလီပလာ
မာယာတွေနဲ့ချည်းပဲ။"သူ့ကိုချစ်ကြည့်ဖို့မပြောနဲ့ ခံစားလို့တောင်မရဘူး
အဲ့တာကြောင့် စေ့လဲမစေ့စပ်နိုင်ဘူး""မင်းကို ချစ်လား ကြိုက်လားမေးတာမဟုတ်ဘူး jeon Jungkook စေ့စပ်ရမယ်လို့ပြောတာ"
"အရေးကြီး ကိစ္စဆိုတာ ဒါလား"
"ဒါ့အပြင် ဘာကအရေးကြီးနေလို့လဲ"
ဘာကအရေးကြီးနေလို့လဲတဲ့ လုပ်ငန်းတွေကို ဦးစီးဦးကိုင်လုပ်နေတဲ့သူတစ်ယောက်ကို ရှိသမျှအလုပ်တွေထားပြီး အိမ်အမြန်ပြန်ခဲ့ အရေးကြီးပြောစရာရှိတယ်ဆိုလို့ အလုပ်တွေပစ်ထားခဲ့ရတာကို ဘာကအရေးကြီးသေးလဲဆိုတော့ ဘာပြန်ပြောရမှန်းတောင် မသိတော့ချေ။အရေးကြီးတယ်ဆိုလို့ မနက်က သူ့အခန်းထဲ သူ့ခွင့်ပြုချက်မရှိဘဲ ဝင်ခဲ့မိလို့ စိတ်ခုနေသူလေးအား နေ့လည်စာအတူစားရင်းချဉ်းကပ်ရန် အစီအစဉ်ကိုလဲ ဖျက်ခဲ့ရသေး၏။ကျန်တာတွေထက် အရေးကြီးတာ ဒီလူသားသေးသေးလေးလေ....သူနဲ့နေ့လည်စားစားရင်း အလုပ်အကြောင်းတွေပြောရင်း အတိတ်ကအဖြစ်အပျက်တွေကို တောင်းပန်ရင်း ပြေပြေလည်လည်သင့်သင့်မြတ်မြတ်နဲ့နေသွားဖို့အတွက် အစီအစဉ်တွေ တစ်သီတစ်သန်းဆွဲပြီးကာမှ ဘာမဟုတ်တဲ့ကောင်မလေးနဲ့ စေ့စပ်ဖို့ကို ခေါ်ပြောတယ်တဲ့လား။လူကြီးတွေများ ခက်ပါဘိ။
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါမောင်..."