ep - 32

542 22 3
                                    

စိုစွတ်နေတဲ့ ပတ်ဝန်းကျင်နှင့်အတူ ညကောင်းကင်တွင် ကြယ်ရောင်များကင်းစင်နေကာ လရိပ်လရောင်လဲမရှိပေ။လေပြေအေးလေးများပတ်ဝန်းကျင်ထက်လွင့်ပြယ်နေကာ အေးချမ်းမှုကို ဆောင်ကျဉ်းလာလေသည်။မိုးရွာထားတာကြောင့် ပုံမှန်ထက်ပိုအေးချမ်းနေတဲ့ အခိုက်အတန့်မှာ သင်ပင်ပန်းမံတစ်ချို့ထံမှ စိမ်းရွှင်ရွှင်ရနံ့များဟာလည်း လေနုအေးနှင့်အတူကပ်ပါလာလေ၏။‌ေမှာင်မဲကာ အလင်းရောင်ကင်းစင်နေသည့် ကောင်းကင်အား ‌အ‌ေကြာင်းမဲ့ ငေးကြည့်နေမိသည်။အရာရာဟာ သူ့အနေထားနှင့်သူ သူ့သတ်မှတ်ချက်နှင့်သူ အေးအေးချမ်းချမ်း။သို‌့‌ေပမယ့် ပတ်ဝန်းကျင်တစ်ခုလုံး အေးချမ်းမှုတွေပြည့်နှက်နေသော်လည်း ဂျွန်တစ်ယောက်ရင်ထဲ သောကမီးတွေဖြင့် ပူပူလောင်လောင်....

ညကောင်းကင်အား အကြောင်းမဲ့ငေးကာ စီးကရက်တစ်လိပ်ပြီး တစ်လိပ်ရှိုက်ဖွာနေသူသည် ခန္ဓာကိုယ်တွင် အင်္ကျီမကပ်ချေ။ဘယ်လောက်ပူပူ ဘယ်လောက်အေးအေး နွေ မိုး ဆောင်း သုံးရာသီလုံး အင်္ကျီချွတ်အိတ်တတ်သူသည် ယခုတိုင် ရင်ဘတ်က ကြွက်သားဖောင်းဖောင်းတို့ကို ဖွင့်ဟပြထားသည်။ကောင်းကင်ယံအား မကြောင်းမဲ့ ငေးကြည့်နေသည်မှာ 1နာရီနီးပါးရှိခြေပြီ။1နာရီအတော်အတွင်းရှိုက်ဖွာနေခဲ့သည့် ဆေးလိပ်အရေအတွက်မှာ 46လိပ်ရှိနေပြီ။ဒါနဲ့လဲ သူမရပ်တန့်နိုင်ခဲ့ သက်ပြင်းတစ်ခါချလိုက် စီးကရက်တစ်ခါရ‌ိှုက်လိုက်ဖြင့် ငြိမ်နေခဲ့သည်။

"ကိုယ်တို့ ဘယ်အချိန်ထဲက စလွဲခဲ့ကြတာလဲ"

ကောင်းကင်ယံကိုကြည့်နေရင်း စကားတစ်ချို့ဆိုလိုက်သူထံမှ သက်ပြင်းချသံတစ်ချို့ကြားရသည်။
ပြီးနောက် လှဲနေရာမှထကာ အခန်းထဲဝင်လျက် ကုတင်ထက်တွင် အိပ်မောကျနေ‌သူလေးနား ဝင်ထိုင်ကာ မျက်နှာလှလှလေးအား ငေးကြည့်နေမိသည်။အစိတ်အပိုင်းတစ်ခုစီတိုင်းကို လက်ညှိုးထထိပ်လေးနဲ့ ခပ်ဖွဖွထိ၍ အသည်းယားနေသူထံတွင် မြင်ရခဲတဲ့ အပြုံးလှလှလေးတစ်ချို့နှင့် အမြဲဖုံးကွယ်ထားတတ်တဲ့ ပါးချိုင့်ရေးရေးလေးပေါ်လာသည်။အမြဲတမ်းတည်တံ့နေတဲ့ မျက်နှာထားလေးသည် အခုမှပြေလျော့လာတာဆိုတော့ အညောင်းဖြေတာများလား။

အချစ်ရှိရာ Where stories live. Discover now