ပုံမှန်ထက်နှေးကွေးနေတဲ့ခြေလှမ်းတွေသည် ချက်ချင်းပင် နောက်ပြန်လှည့်ေတာ့မည်ဟန်။
ပတ်ဝန်းကျင်ကိုဂရုမစိုက်စွာ အကြည့်တစ်ချက်မပို့ခဲ့တဲ့ မျက်ဝန်းတွေသည် မှိုင်းညှို့နေ၏…..တစ်ဆက်ထဲမှပဲ ခက်ထန်ကာ စူးရှနေပြန်သည်။အေးအေးချမ်းချမ်းဆောင်းရာသီမှာ ချွေးစလေးတွေစို့နေတဲ့ ခေါင်းစွပ်ေအာက်က နဖူးပြေပြေကိုတော့ဖြင့် မည်သူမှမတွေ့နိုင်။လက်လေးနှစ်ဖက်အားဟိုပွတ်ဒီပွတ်နှင့် တစ်ချက်တစ်ချက်သွားလေးနှင့်တတိတိကိုက်နေးသေးသည့် ကလေးဆန်ဆန်အပြုအမူလေးကိုလဲ ဘယ်သူမှသတိမထားမိ။
အလွန်အမင်းစိတ်လှုပ်ရှားနေပါသော်လည်း
ခေါင်းစွတ်အောက်ကမျက်ဝန်းတွေနှင့် သေသပ်စွာ လျှောက်လှမ်းနေသော ခြေလှမ်းတွေသည် တစ်ချက်မယိုင်။တစ်နေရာမှာတော့ဖြင့် တည်ငြိမ်နေခဲ့သည် မျက်ဝန်းဝိုင်းဝိုင်းလေးတွေသည် လှုပ်လှုပ်ခပ်ခပ်ရယ်ပါ။အိုဟောင်းနေတဲ့ သစ်ပင်ကြီးအောက် ကောင်းလေးသုံးယောက်ဟာ အပြုံးတွေကိုယ်စီဖြင့် စနောက်ကာပြေးလွှားနေကြတဲ့ ပုံရိပ်တွေ
နှုတ်ခမ်းလေးထော်ကာပွစိပွစိနဲ့စိတ်ကောက်နေတဲ့ကောင်လေးရဲ့ ပုံရိပ်တွေ
ဝမ်းနည်းခြင်းတွေေြကာင့် တွဲခိုနေခဲ့တဲ့ မျက်ရည်စတွေနဲ့ကောင်လေးရဲ့ပုံရိပ်တွေ အရာရာဟာ မနေ့တစ်နေ့ကလို။ ကျလုစဲစဲမျက်ရည်များကို မျက်တောင်ရှည်ရှည်များဖြင့် ပုတ်ခတ်သိမ်းလိုက်ကာ ပတ်ဝန်းကျင်အနှံ့ကိုခတ္တမျှကြည့်လိုက်သည်။သူကလွဲပြီး လူသားအားလုံးကပျော်နေကြလားအောက်မေ့ရတယ် တွေ့သမျှမြင်သမျှလူတိုင်းက ပြုံးရယ်ကာ တစ်ယောက်နှင့်တစ်ယောက်စနောက်တဲ့သူနဲ့ ဖက်နေကြတဲ့သူတွေနဲ့ အဆင်ပြေပြေပဲ…
လူအများရဲ့ ခြေလှမ်းတွေကလဲ တက်တက်ကြွကြွ
လေနုအေးနဲ့အတူ အစိမ်းရောင်သစ်ရွက်လေးတွေ
ဟာတလွင့်လွင့်…"ဟူးးး"
သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ လေပူတွေမှုတ်ထုတ်၍ ခြေလှမ်းတွေကို အရှိန်တင်ရန်ကြိုးစားသည်။နောက်ဆုံးအနေနဲ့ အိုဟောင်းနေတဲ့သစ်ပင်ကြီးကို တစ်ချက်ကြည့်ကာ ခြေလှမ်းများ၏ ဦးတည်ရာသည် တစ်နေရာသို့.....
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါမောင်..."