ep - 28

1.2K 44 4
                                        

"ဂျွန် "

"ဂျွန်ရေ"

"jimin Jimin လား"

"ဂျွန့် ငါမင်းနောက်မှာလေ "

အသံသာကြားနေရသော်လည်း လူကအရိပ်အယောင်ပင်မတွေ့ရ။အခန်းတစ်ခုလုံးမှောင်မဲကာ အနံ့အသက်တွေကလဲ မကောင်း
အလင်းရောင်တစ်စက်လေးမျှမရှိသော အခန်းအား ပတ်ရှာလည်လှည့်ကာ အသံလာရာကို
လိုက်ရှာမိသည်။

"ငါဒီမှာလို့ ဒီကိုလာ"

"ကိုယ်လာမှာ ကိုယ်လာမှာမို့ ခဏလေးစောင့်နော် Jimin "

"မင်းမလာရင် ငါလာမှာပေါ့"

မှောင်မဲနေသောအခန်းအတွင်း အလင်းတန်းလေးတစ်ကြောင်းသည် တစ်ဖြည်းဖြည်းပေါ်ထွက်လာကာတစ်ခန်းလုံးအလင်းရောင် ဖျော့ဖျော့လေးအားပေးစွမ်းလာ၏။အသံသည်တိတ်ဆိတ်သွားကာ အခန်းတွင်းမည်သူမျှလဲရှိမနေ။

"ဂျွန်"

နောက်ကျောဘက်စီမှ ခေါ်သံသဲ့သဲ့လေး
အလျင်အမြန်လှည့်ကြည့်မိတော့လဲ မည်သူမှရှိမနေပြန်။

"ကိုယ့်ကိုရူးအောင်မလုပ်ပါနဲ့ Jimin ရာ"

"အင်း မလုပ်ဘူး ငါဒီမှာ"

ဒီတစ်ခါထပ်ကြားရသည့်အသံသည် ခုနကလိုတိုးတိုးညှင်းညှင်းလေးမဟုတ်
ခပ်မာမာလေသံလေးလာရာကို ခပ်မြန်မြန်လေးပင်လှည့်ကြည့်မိ၏။
အဖြူရောင်ပိုးသားအင်္ကျီလေးနှင့် jimin သည်ဂျွန့်ကိုအကြည့်စူးစူး‌တို့ဖြင့်ကြည့်နေသည်။jimin ကိုတွေ့သည်နှင့်ရလာသည့် အနံ့အသက်လေးတွေသည် သင်းသင်းလေး။

"ကိုယ် လွမ်း...နေတာ...."

"ငါတော့မလွမ်းဘူး"

ရင်ဘတ်ထဲမျက်ခနဲ....

"ကိုယ့်စီပြန်လာခဲ့ပေးပါ jimin ရယ် တောင်းပန်ပါတယ် တစ်ကယ်တောင်းပန်ပါတယ်"

"ငါလာတာ မင်းကိုမုန်းတဲ့အကြောင်းလာပြောရုံပဲ တခြားမရှိဘူး"

"မမုန်းပါနဲ့ တောင်း ... တောင်းပန်ပါ အင့်..တယ်"

"မုန်းတယ်ဂျွန် မင်းတည်မြဲနေသ၍ ငါမုန်းနေမှာ"

"jimin Jimin ဘယ်ရောက်သွားတာလဲ ကိုယ်တောင်းပန်ပါတယ်"

အခန်းတစ်ခုလုံး မူလကအတိုင်းပြန်မှောင်သွားကာအနံ့အသက်တွေလဲပြန်ဆိုးလာသလို jimin ကိုလဲမတွေ့တော့။

အချစ်ရှိရာ Where stories live. Discover now