"မောင့်jimin လက်ဖျားတွေအေးနေတာပဲ မောင်နွေးအောင်လုပ်ပေးမယ်"
ဖောင်းဖောင်းတုပ်တုပ် လက်ပိစိလေးအား မောင့်လက်ဖဝါးအကြီးကြီးဖြင့် အုပ်မိုးကိုင်ကာ မောင်ဝတ်ထားသော hoodie အင်္ကျီအိတ်ကပ်ထဲထွေးထားလိုက်သည်။အိတ်ကပ်ထဲထည့်ထားသော်လည်း လက်ပိစိလေးအား မောင်မလွှတ်ပေး ကိုင်မြဲတိုင်းကိုင်ကာ တစ်ချက်တစ်ချက် ခပ်ဖွဖွညှစ်သေးသည်။
"လက်ကိုဘာလို့ ညှစ်နေတာလဲ"
"အသည်းယားလို့"
"မင်းအသည်းယားတာ အားမပါစေနဲ့ ငါနာတယ်"
မျက်စောင်းလေးခဲကာ ရန်ဆောင်နေသော အကောင်ပေါက်သည် မောင်မကိုင်ထားတဲ့ လက်တစ်ဖက်အား ကားမှန်ေဘာင်ေလးေပါ်တွင် ဟိုပြေးဒီပြေးလုပ်လိုက် လက်ညှိုးထိပ်ေလးကုိ တတိတိကိုက်လိုက်ဖြင့် စိတ်လှုပ်ရှားနေသည့်ဟန်။လက်လေးတွေကို လှုပ်ရှားလိုက် သက်ပြင်းလေးခပ်ဖွဖွချလိုက်ဖြင့် ပတ်ဝန်းကျင်ရဲ့အလှတရားကိုပင်မခံစားနိုင်။ဘူဆန်မှာထဲက ချနေသည့် သက်ပြင်းတွေသည် ဆိုးလ်မြို့ထဲဝင်သည့်တိုင် ချနေစဲ။
"စိတ်လှုပ်ရှားနေတာလား "
"နည်းနည်းပါ"
"မောင်ရှိတယ်လေ စိတ်အေးအေးထားမှပေါ့"
မောင်ရှိတယ်လေတဲ့ စကားလုံးလေး လေးလုံးနဲ့တင် လေးနှစ်စာ နာကျင်ရသမျှကို သူရေစုန်မျှောပစ်လိုက်တော့မည်။
အလုပ်တွေလုပ်ခဲ့တုန်းက ကိုယ့်ထက်ကြီးတဲ့သူတွေရော တခြားလုပ်ငန်းရှင်တွေရော ပွဲပေါင်းသောက်ခြောက်ထောင် တက်ကာအလုပ်စကားပြောခဲ့သည့်အချိန်ကရော မလှုပ်ရှားခဲ့ဘူးသည့် စိတ်သည် ဂျွန့်မိဘတွေနှင့်တွေ့ရမည်ဆိုထဲက ဂနာမငြိမ်တော့ပါချေ။ဘယ်လောက်တောင်စိတ်လှုပ်ရှားလဲဆို ဂျွန်ပါသတိထားမိသွားသည်အထိ။လက်ဖျားတွေပါမက ခြေဖျားတွေပါ အေးစက်ကာ ထိုင်မရထမရဖြစ်နေခဲ့သည်။ရောက်ခါနီးလေ စိတ်လှုပ်ရှားလေဖြင့် နေရထိုင်ရတာအဆင်မပြေတော့ပါ။ထိုအချိန်မောင်ကအလိုက်သိသူပီပီ လက်တို့အား လာဆုပ်ကိုင်သည်။
အနည်းငယ်တော့ စိတ်သက်သာယာရသွားခဲ့သည်။မောင်ရှိနေတယ်ဆိုတဲ့ အသိနဲ့ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားနိုင်သလို မောင်ရှိတယ်ဆိုတဲ့အသိနဲ့ပဲ အရာရာကိုကျော်ဖြတ်ရဲသည်။သူ့ဘဝမှာ အရေးကြီးဆုံးက အနားမှာမောင်ဆိုတဲ့လူသားလေးရှိနေပေးဖို့ပဲ။ကျန်တာမလို မောင်ရှိပေးနေရင်ကိုအဆင်ပြေသည်။
ကိုယ်ကစချစ်ခဲ့လို့လားမသိဘူး မောင်ရှိတယ်ဆိုတဲ့အသိနဲ့တင် အရာရာအဆင်ပြေသည်ဟုထင်သည်။
အရာရာထိလွယ်ရှလွယ် ပျက်စီးလွယ်တဲ့
မတည်မြဲခြင်းတွေနဲ့ လောကထဲ မပျက်သုဉ်းသွားတဲ့ ချစ်ခြင်းမေတ္တာကို မောင့်တစ်ယောက်ထဲကိုသာ သူပေးအပ်မည်။
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါမောင်..."