after 4yrs later ,
"king တစ်ကယ် Korea ကို ပြန်မလို့လား"
"အင်းတစ်ကယ်ပြန်မှာ"
"ဒါပေမယ့်....."
"ရှူး....ရော့ စီးကရက်ဖွာလိုက်"
leather အကျီအနက်နဲ့ ဂျင်းကျပ်ကျပ်အား ခန္ဓာကိုယ်နှင့် တစ်သားထဲကျအောင်
ဝတ်ထားပြီး နှုတ်ခမ်းတို့အား
ခပ်တင်းတင်းစေ့ထားသူသည် အလွန်ပင် တည်ငြိမ်နေသည့်ဟန်။
သောက်နေသည့်စီးကရက်ကို တစ်ဖက်လူ၏နှုတ်ခမ်းဝသို့ တေ့ပေးလိုက်ပုံမှာ လျင်လျင်မြန်မြန်။ကားသော့လေးဖြင့်
ခုံအားတစ်တောက်တောက်ခေါက်ကာ
စကားဆက်ပြောနေသည်အထိ တည်တည်ငြိမ်ငြိမ်။"မနက်ဖြန်ပြန်မှာမို့လို့
နှုတ်ဆက်တာ ပြန်ပြီ""နေအုံး အပြင်မှာ မိုးတွေရွာနေတယ်တဲ့"
kingနဲ့ခင်ခဲ့တဲ့4နှစ်အတောအတွင်း
အကြောင်းအရင်းအားလုံး......
စလယ်ဆုံး သုံးပါးလုံးသိသူမှာ
Kia တစ်ယောက်ထဲသာ။စတွေ့တုန်းက
နူးနူးညံ့ညံ့လူသားလေးဟာ တစ်ဖြည်းဖြည်း
ခပ်မိုက်မိုက်လေးဖြစ်လာသည်။
တစ်ေကျာင်းလံုးတွင် kingဟုဆိုလျှင်မသိတဲ့သူမရှိ။
ယောက်ျားလေးရော မိန်းကလေးရော လည်ပြန်ငေးရလောက်တဲ့ထိ အလှတရားတွေနဲ့..... ကျောင်းတက်တဲ့တစ်ချိန်လုံးသူနဲ့ကိုယ်နဲ့ကလွဲရင် ကြားခံနယ်တွေမရှိ ဆိုးတူကောင်းဖက်ပေါင်းခဲ့သာည်သူသည် kingအတွက် မိတ်ဆွေကောင်းတစ်ယောက်။
king ဟာ မိုးရွာတာကိုမကြိုက်။
မိုးရွာနေတယ်ဆိုတဲ့အသံကြားသည်နှင့်
အခန်းထဲပြေးဝင်သွားခဲ့သည်မှာ မိုးအကုန်အစင်တိတ်သွားမှ ပြန်ထွက်လာတတ်သည်။
မိုးတွင်းဆို King အတွက် ငရဲကျနေသည့်အလား။တစ်နေကုန်တစ်နေကန်း အခန်းထဲပိတ်နေကာ
မစားမသောက်နှင့် ဆေးရုံရောက်ရသည်မှာ အကြိမ်ကြိမ်။
ခုလဲအချိန်အခါမဟုတ်ရွာနေတဲ့ မိုးကြောင့် kingတစ်ယောက် ခြေလှမ်းတွေယိုင်နေခြေပြီ။အလိုက်သိသူ kiaကပဲ ဘေးကနေကူထိန်းကာ အခန်းလွတ်တစ်ခန်းသို့ နေရာချပေးရတော့သည်။
တော်သေးသည်က ဒီ club ရဲ့ပိုင်ရှင်ဟာ kiaဖြစ်နေလို့။ချက်ချင်ပင်မျက်ခုံးတန်းတို့ တွန့်ချိုးသွားသူသည်
အသားတွေပါ တုန်ယင်လာသလို။အရက်တစ်စက်မဝင်သေးသည် ခန္ဓာကိုယ်အား မနဲထိမ်းကာ ဒယိမ်းဒယိုင်ခြေလှမ်းတွေဖြင့်ထရပ်သူသည် သေချာပေါက် စီးပွားရေးလုပ်ငန်းမှာ အောင်မြင်နေတဲ့ တက်သစ်စ CEO။
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါမောင်..."