"ေနရထိုင်ရတာအဆင်ပြေရဲ့လား"
"ပြေတယ်လေ"
"ဒါနဲ့ နေမကောင်းဘူးလား"
"အင်း"
"ဟာ ဘယ်လိုဖြစ်ရတာလဲ ခုရောဘယ်လိုနေသေးလဲ ဆေးခန်းသွားမှဖြစ်မှာပေါ့ ကိုယ်လိုက်ပို့ပေးမယ်"
"မလိုဘူး ရတယ်"
"ဒါေပမယ့်.."
"အလုပ်ကိစ္စပဲ ပြောရအောင်"
မနေ့က ရေပန်းအောက်အကြာကြီးထိုင်မိသွားတာရယ် အဲယားကွန်းဖွင့်ထားတာကို အင်္ကျီချွတ်နဲ့နေမိသွားတာရယ် ညနေစောင်းအချိန်ထဲက ဟန်မြစ်ဘေးသွားသောက်နေတာ ညနက်မှ hotelကိုပြန်ရောက်တာကြောင့် လူကအအေးမိပြီး ရီဝေဝေဖြစ်နေ၏။အလိုက်မသိပဲ ဘေးနားတွင် တွတ်ထိုးနေသူအား ကြည့်မရတော့ချေ ။အဆင်မပြေတဲ့ဓာတ်ခံနဲ့မို့ အေးစက်စက်စကားကိုဆိုလိုက်တော့ မျက်နှာငယ်နဲ့ကြည့်လာပြန်သည်။ နေမကောင်းတာ သူလား ကိုယ်လားတောင်မသဲကွဲတော့ဘူး။
"ကိုယ်ကစိတ်ပူလို့ပါ"
"ဒီမှာ စာချုပ် ကျွန်တော်လက်မှတ်ထိုးပြီးသွားပြီ ဒီနေ့တော့ ရုံးမထိုင်တော့ဘူး လုပ်ရမယ့်ဟာတွေယူသွားလိုက်မယ်"
"နေမှမကောင်းတာ နားပါ ဒါနဲ့ "
"ဒါနဲ့ အခု ကျွန်တော်တို့ လက်မှတ်လဲ ထိုးပြီးပြီဆိုတော့ အကျိုးရလဒ်က"
ကိုယ်ကသာစိတ်ပူပြီးပြောနေတာ သူကဂရုမစိုက်သည့်အပြင် အလုပ်ကိစ္စကိုပဲဦးတည်ရွေးပြောနေလိုက်သေးသည်။နေသာမကောင်းတာ အကျိုးရလဒ်တွေဘာတွေမေးလို့ တော်တော်လေးတတ်နိုင်တဲ့ Park Jimin ။
"ကိုကို"
အလုပ်ကိစ္စစကားပြောနေရင်း ဖြတ်ဝင်လာသည့်အသံကြောင့် နှစ်ယောက်လုံးရဲ့အကြည့်တွေသည် အသံလာရာစီသို့။
"ဪ ဧည့်သည်ရောက်နေတာလား sorry ပါနော်"
ရွှေအိုရောင်ဆံနွယ်ရှည်များနှင့်ကောင်မလေးသည် အဖြူရောင်ရင်ပြတ်အင်္ကျီအားအနက်ရောင် စကပ်အတိုနှင့်တွဲဝတ်ထားကာ အခန်းထဲဝင်လာသည့်ပုံသည် လုံးဝကို sexyဖြစ်နေ၏။"ကိုကို"ဆိုတဲ့ပိုင်ပိုင်နိုင်နိုင်ခေါ်သံက ဘာများလဲ ဘယ်လိုမျိုးပတ်သက်နေတာလဲ။အခန်းတွင် လူအရင်မလာပဲ အသံအရင်လာသည့် ကောင်မလေးသည် Jimin ကိုမြင်တော့ အားနာဟန်နဲ့ တောင်းပန်လာသည်။
မိန်းမသားတစ်ယောက်ထံတွင် ရှိသင့်ရှိထိုက်သောအလှတရားများထက် သူမဟာ ပို၍လှသည်။
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါမောင်..."