ep - 26

572 32 4
                                    

တစ်မနက်ပြီးတစ်မနက်ပြန်စရတဲ့မနက်ခင်းတွေမှာ ဖြတ်သန်းခဲ့ရတဲ့ ဘဝနေ့ရက်တိုင်းရဲ့ ပူပန်မှုတွေ မပျော်ရွှင်ခြင်းတွေ နောင်တတရားတွေကို မေ့နေခဲ့ရင်ကောင်းမယ်။

သိပ်လွမ်းတာပဲ minnie ရယ်။အတူဖြတ်သန်းခဲ့ကြဘူးတဲ့ နေ့ရက်တိုင်းက အမှတ်တရတွေနဲ့ ပြည့်သိပ်နေတာမို့ အချိန်တွေသာကြာလာခဲ့တယ် တစ်ရက်လေးမှ မေ့လို့မရခဲ့ဘူး။‌ေန့ရက်‌ေတွကပံုမှန်ပါပဲ ပုံမှန်မဟုတ်တာက ဂျွန်နဲ့ကိုယ်သာ။ အလွမ်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ နောင်တ တရားတွေက နေ့စဉ်စိတ်ဒုက္ခတွေလို….

"ဂျွန် အဲ့တိုင်းပဲနေနေတော့မှာလား "

"ဒီလိုမနေလို့ ဘယ်လိုနေရမှာလဲငါက"

အရက်ပုလင်းတွေကြား ခေါင်းပင်ပြန်မထောင်နိုင်တော့တဲ့သူက အာလေးလျှာလေးနှင့်ရန်ပြန်တွေ့နေသေးသည်။ရန်တွေ့နိုင်သေးရင် အခြေနေကောင်းသေးသည်ဟုဆိုရမည်။minnie မရှိတော့ထဲက အရက်ပုလင်းတွေကြားခွေအိပ်ခဲ့သူသည် နေ့တွေ ညတွေမသိခဲ့။
မျက်စိနှစ်လုံးပွင့်ပြီးအရက်သောက်နေသေးရင် နေ့
အရမ်းမူးလာပြီးခေါင်းတွေမထောင်နိုင်တော့တဲ့အခြေနေမှာ မျက်စိတွေမှိတ်ကျသွားခဲ့ရင် ည။ဂျွန်သည် နေ့စဉ် သောက်လိုက်စားလိုက် ရန်ဖြစ်လိုက်နှင့် ဖြတ်သန်းသည်။‌ေသချာလွမ်းချိန်မရ ပြဿနာတေ‌ွကို ဒိုင်ခံဖြေရှင်းပေးနေရသူမှာ Kim Tae hyung ။ဂျွန့်မိဘတွေကလဲ ပြောမရလို့ သားပျော်သလိုနေပါဆိုပြီး လွှတ်ပေးထားခဲ့တာမို့ အစစအရာရာ Tae hyung သာ တာဝန်ယူနေရသည်။

"လာပါကွာ အိမ်ပြန်ရအောင် မင်းများနေပြီလေ"

"သောက်အုံးမှာ ရသေးတယ်"

"ကျန်းမာရေးထိခိုက်မယ်လေ ဂျွန်ရာ"

"ရတယ် ဘာဖြစ်ဖြစ်"

"minnie သာရှိရင် မင်းကိုစိတ်ဆိုးမှာနော်"

မျက်မှောက်တွေ ကျုံ့ပြီး ကြည့်လာသူသည် လူသတ်တော့မည့်ရုပ်နှင့်

"ပြန်တော့မယ်"

ချက်ချင်းဆိုသလို စားပွဲပေါ်တင်ထားသည့် ကားသော့ကုိယူကာ ယိုင်နဲ့နဲ့ခြေလှမ်းတွေနှင့်ထွက်သွားသည့်သူသည်
ဒီပုံစံနဲ့ ကားမောင်းလို့ မဖြစ်နိုင်တာ မသိတာလား မိုက်ရူးရဲဆန်တာလား စိန်ခေါ်တာလားတော့ မပြောတက်။

အချစ်ရှိရာ Where stories live. Discover now