"စိတ်လျော့ပါ namjoon hyungရယ် ငယ်လေးပျော်ဖို့က ပိုအရေးကြီးပါတယ် သူပျော်ရင်ရပြီလေ"
"ငါအခုစိတ်တိုနေတာ ကလေးလေးက ဒီလမ်းကိုရွေးသွားလို့မဟုတ်ဘူး ဒီကောင်အရင်က ကလေးေလးအပေါ် လုပ်ခဲ့တဲ့လုပ်ရက်တွေကြောင့် စိတ်တိုတာ"
"ကျွန်တော်နားလည်ပါတယ် ကိုယ်တိုင်လဲ ခံပြင်းတာပါပဲ ဒါပေမယ့် ကျွန်တော်တို့ငယ်လေးက သူ့ကို သိပ်ချစ်တာ တော်ကြာ ကျွန်တော်တို့ကြောင့် ငယ်လေးစိတ်ညစ်နေမှာ မလိုလားဘူး"
"ငါခုချိန်ထိ အဲ့ကောင်ကို အခဲကြေသေးတာမဟုတ်ဘူး အရင်တုန်းကတော့ ဘာဖြစ်ဖြစ်ဆိုတဲ့ပုံစံနဲ့ ခုကြခိုးပြေးသွားတယ်တဲ့ ခုချိန်ထိရီစရာတွေလုပ်နေတုန်း"
မျက်အိမ်များနီရဲကာ ခပ်တင်းတင်းလက်သီးစုပ်များတုန်ရီနေခြင်းသည် စိတ်တိုနေသည်ကို သက်သေပြနေခြင်းပင်။
namjoon hyung အနေနဲ့ ညီတစ်ယောက်၏ အသက်အန္တရာယ်နှင့် ခြိမ်းခြောက်ထားခံရသလိုအဖြစ်မျိုး ကိုယ်တိုင်တွေ့ကြုံခစားရသူမို့ အခဲမကြေသည့်အပြင် နာကျည်းမုန်းတီးနေခြင်းကုိ ဟိုဆော့တစ်ေယာက် နားလည်ပေးနိုင်သည်။ဒါပေမယ့် ကလေးလေးပျော်မည်ထင်လို့ ရွေးသွားခဲ့တဲ့လမ်းကို သူပိတ်ပင်တားစီးမှာမဟုတ်။အရာရာအတွက် ကျောထောက်နောက်ခံအဖြစ်ရှိနေပေးမှာ။ကလေးလေးမျက်နှာမငယ်ရအောင် သူများမိသားစုကြား ဘုရင်တစ်ဆူလိုဖြစ်နေအောင် ပံ့ပိုးပေးမည်။"ကလေးက ဘယ်နေ့ပြန်လာမှာလဲ ပြောသွားလား"
"ပြောမသွားဘူး သူအဆင်ပြေနေကြောင်းပဲပြောသွားတယ်"
"အန်တီနဲ့ ဒယ်ဒီကို ပြောလိုက်တော့မယ် မင်းက ကလေးလေးကိုမြန်မြန်ပြန်ခေါ် ငါစိတ်မချဘူး"
"ဪ Joonရယ် Jungkook ကလဲ တစ်ကယ်ချစ်တဲ့ပုံပါ တအားကြီး စိတ်မပူပါနဲ့"
"ကျောင်းဆရာမသိပါဘူးဗျာ"
"ငါသိပါတယ် မင်းကိုက..."
"မသိဘူးဗျာ ဖုန်းထပ်ဆက်နော် ကျောင်းဆရာလဲ ခုနကကျခေါက်ပြီးတော့ ခုမှလာဖောနေတယ် လူကို "
သဲလွန်းကဲလွန်းနေတဲ့ အကိုဖြစ်သူကြောင့် သူခဏအကြာတွင် ငယ်လေးစီးဖုန်းထပ်ဆက်ရန် ရည်ရွယ်ထားလိုက်သည်။ခုတော့ သူဆေးရုံကိုပြေးရပေအုံးမယ်။မေပြးရင်လဲ ဒီအတွဲရဲ့ ပလီပလာတီတီတာတာတွေကြားအရူးကြီးလိုဖြစ်ေနအံုးမယ်။နှုတ်ဆက်မေနေတာ့ပဲ ထထွက်လာလိုက်သည်။ငယ်လေးခိုးပြေးသွားတယ်ဆိုတဲ့ စကားက ခုထိတိုင် နားထဲက မထွက်သေးချေ။ခွဲခန်းထဲက ထွက်ထွက်ခြင်း ကြားရတဲ့သတင်းက ကိုယ့်နားကိုယ်ပင်မယုံနိုင်။အတောင့်လိုက်ကြီးရပ်နေမိတာ ဘေးနားက ဂျူနီယာလေးတွေအသိပေးမှ လှုပ်"ရှား"ပြန်ဖြစ်လာသည်။အနည်းငယ်ပြာသွားတာကြောင့် ဘာလုပ်ရမှန်းမသိ၍ namjoon hyung ကိုဖုန်းဆက်ခေါ်ကာ တိုင်ပင်ရတော့သည်။ေဆးရံုနှင့် မနီးမဝေးက စားသောက်ဆိုင်ရဲ့ ထောင့်ကျကျ လူရှင်းသည့်ဝိုင်းမှာ နေရာယူကာ ဘာလုပ်ရမလဲ စဉ်းစားရာ အဖြေကိုထွက်မလာ။ဖုန်းဆက်ရမလား သဘောမတူဘူးဆိုပြီး လိုက်ခေါ်ရမလား ပြန်လာခဲ့ လက်ထပ်ပေးမယ်လို့ပဲပြောရမလား အော်ဟစ်ငေါက်ငမ်းကာ ဆူပူလိုက်ရမလား တွေးနေကြတုန်း ထုံးစံတိုင်း ဒေါသကုမာရက ဘာမှမလုပ်ရသေးဘူးလက်သီး လက်မောင်းတန်းနေလို့ သူ့ကျောင်းဆရာရဲ့ လက်စာမိသွားသေး၏။
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါမောင်..."