"မောင့် ဂျီမင်ရေ ရေချိုးခန်းထဲ ဝင်သွားတာ ကြာပြီနော်"
"ဖျားမှာဆိုးလို့ ပြောနေတာ ထွက်လာတော့"
ရေကျသံသာကြားနေရပြီ ဘာစကားသံမှ ပြန်မလာ၍ မောင်တစ်ယောက် ရေချိုးခန်းရှေ့တွင် ရှေ့လျှောက် နောက်လျှောက်ဖြစ် ဗျာများနေရှာသည်။
မောင်တို့၏ မင်္ဂလာပွဲသည် နေ့လည်1နာရီတွင် ပြီးသွားခဲ့ရာ ညတွင် party ထပ်ပေးခဲ့ကြသေးသည်။partyသည် ကင်မ်ထယ်ယောင်းကောင်းမှု အကြောင်းပြု၍ မှန်းထားသည့် အချိန်ထက် 2နာရီလောက် နောက်ကျမှ ပြီးသွားခဲ့သည်။မူးရူးကာ ထိမ်းမနိုင်သိမ်းမရ ရစ်နေသည့် ကင်ထယ်ယောင်းအား မည်သူမှမနိုင်တော့ရာ နောက်ဆုံးတွင် အမူးတိုက်၍ min yoongi လက်ထဲသာ အပ်လိုက်ရတော့သည်။သောက်ကြစားကြရင်း အချိန်သည် ည12နာရီသို့ ရောက်မှန်းမသိရောက်ခဲ့ရာ မောင်နှင့်မောင့်ဆိုင်သူလေးသည် မနားရသေးပေ။တစ်နေကုန်ပင်ပန်းထားသည်ဖြစ်၍ ငြီးစီစီဖြစ်နေတာကြောင့် မောင်တစ်ယောက်ရေအမြန်ချိုးလိုက်သည်။မောင်တစ်ယောက် ရေချိုးပြီးစီးကာ အပြင်ထွက်လာသည့်အချိန်တွင် မောင့်ဆိုင်သူလေးလဲရေချိုးချင်သည်ဟုဆိုကာ ရေချိုးခန်းထဲ ထပ်မံဝင်သွားခဲ့သည်။သို့သော် 1နာရီသာကြာသွားခဲ့တယ် မောင့်ဆိုင်သူလေးဟာ ခုချိန်ထိ ထွက်မလာသေးပေ။
"မောင့်ဂျီမင်ရေ ဖျားမယ်ကွာ ထွက်ခဲ့တော့လို့"
"အင်းအင်း"
စိတ်မရှည်သည့် အသံလေးနှင့်အတူ ရေကျသံလေးဟာ တိခနဲရပ်သွားခဲ့သည်။တစ်ချိန်ထဲမှာပင် မောင့်နှုတ်ခမ်းပါးများလဲ တွန့်ကွေးလာခဲ့သည်။မောင်သည် ပြီတီတီမျက်နှာဘေးနှင့် ကုတင်ပေါ်တွင် လက်ထောက်ကာ မောင့်ဆိုင်သူလေးအလာကို စောင့်နေခဲ့သည်။
"စိတ်အေးအေးထားစမ်း Park Jimin ဆယ်ကျော်သက်လေးလို ရှက်မနေစမ်းပါနဲ့"
မှန်ထဲတွင် မြင်နေရသည့် ခပ်ရဲရဲမျက်နှာအား လက်ညှိုးပိစိလေးထိုးကာ ကိုယ့်ကိုယ်ကို ရန်တွေ့နေသည့် အကောင်ပေါက်ရယ်ပါ။ရေချိုးပြီးစီးတာ နာရီဝက်လောက်ရှိနေပြီ။မောင့်ကိုကြောက်နေ၍ သူရေပန်းကို တမင်ဖွင့်ပြီး ဘေစင်ပေါ်တက်ထိုင်နေခြင်းသာ။မောင်ကိုကြောက်တယ်ဆိုတာကလဲ စကားကိုအနှောင့်အသွားလွတ်အောင်မပြောဘဲ တမင်မရှက်ရှက်အောင်လိုက်စလွန်းလို့။တစ်ညလုံးလဲ ဒီထဲမှာ နေလို့မရမှန်းလဲသိတယ်။ဒါပေမယ့် မင်္ဂလာဦးညကို ဘယ်လိုရှောင်လွဲရမှန်းမသိ။

YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါမောင်..."