🍓 final 🍓

344 10 1
                                    

ကျွန်းစားပွဲကြီးပေါ်တွင် စုံလင်သော အစား‌အသောက်ပန်းကန်များသည် အစီအရီ။
ပန်းကန်အတွင်းရှိ အစားအသောက်များ အေးစက်နေသလို ကျွန်းစားပွဲကြီး၏ ပတ်ပတ်လည်မှ လူများသည်လဲ အေးစက်တိတ်ဆိတ်နေကြသည်။ထိုလူများသည် ယင်းအနေအထားအား မည်သူဖြိုခွင်းမလဲဆိုတာကိုပင် စောင့်ကြည့်နေကြသည်လား မေးခွန်းတို့ကို စောင့်နေကြသည်လား ဖြေရှင်းချက်ကိုပင် စောင့်နေလေသည်လားသဲကွဲပါချေ။
တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည့် မောင်နှင့် မောင်ဆိုင်သူသည်လဲ တိတ်နေသလို ဟင်းခွက်တို့အား စူးစိုက်ကြည့်နေသည့် အကိုနှစ်ယောက်မှာလဲ တိတ်ဆိတ်လျက်။
တိတ်ဆိတ်နေသူများ၏ မျက်နှာများကို အအေး‌ေလး‌ေသာက်ကာ အသာအကဲခတ်နေသူမှာ ကျောင်းဆရာပင်။

"ဘာမှမပြောကြတော့ဘူးလား တစ်နေကုန် ထိုင်နေကြတော့မှာလား"

စိတ်မချေတတ်သူပီပီ ကျောင်းဆရာတစ်ယောက် တိတ်ဆိတ်နေသော စကားဝိုင်းအား မေးခွန်းတစ်ခုဖြင့် အစပျိုးစေသည်။ဘာမှမပြောပဲ ထိုင်နေကြသည်မှာ နာရီဝက်လောက်ပင် ရှိနေပြီမို့ ကျောင်းဆရာစိတ်မရှည်တာ မမှားပေ။စားပွဲပေါ်က အအေးဗူးခွံသည်လည်း 1ဗူးမှ 3ဗူးသို့ပြောင်းနေပြီ ဒါလဲဘယ်သူမှဘာမှမပြောကြသေး။ကျောင်းဆရာ မေးလိုက်သည်ထိပင် မည်သူမှဘာမျှမပြောသေးပေ။တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြဆဲ။

"မမြင်ဘူးတဲ့ မျက်နှာတွေဆိုတော့ တစ်နေကုန်ထိုင်ကြည့်နေကြပေါ့ ထမင်းလဲမစားကြနဲ့ စကားလဲ မပြောကြနဲ့"

ကျွန်းစားပွဲ၏ ပတ်ပတ်လည်တွင် ထိုင်နေသူများဖြစ်သည့် jungkook နဲ့ jimin သည် ကျောင်းဆရာရဲ့ တပည့်မို့ ဆူချင်ဆူလိုက်လို့ရသည် ဆုံးမစရာရှိတာဆုံးမလိုက်လို့ရသည်။‌kim namjoon သည် ကျောင်းဆရာ၏ရည်းစားဖြစ်၍ ပို၍ပင် ပြောဆိုလို့ရသေးသည်။ထို့ကြောင့် ကျောင်းဆရာတစ်ယောက် လေသံမာမာဖြင့် ပြောလိုက်ခြင်း။

"ဘာမှအသိမပေးပဲ ဒီလိုလုပ်ရက်ကို လုပ်မိခဲ့တဲ့ အတွက် အရင်ဆုံး ကိုကိုတို့ကို တောင်းပန်ပါရစေ "

"မလိုပါဘူးကွာ ငယ်လေးပျော်တယ်မို့လား
ကိုကိုတို့အတွက်က ငယ်လေးပျော်ဖို့ပဲ အရေးကြီးတာ"

အချစ်ရှိရာ Where stories live. Discover now