အပိုင်း[၂၅]

2.7K 223 19
                                    


မမနှင်းဆီကတောင်းထားတဲ့ မမရဲ့ဓာတ်ပုံလေးတွေကိုပြန်ကြည့်နေမိသည်။ပြီးတော့ ခိုးရိုက်ထားတဲ့ပုံလေးတွေ။ မမကမပြုံးမရယ်တာတောင် လှရက်လွန်းသည်။မမမျက်လုံးလေးတွေကလှလိုက်တာ။ဒီမျက်လုံးတွေက နေ ကိုယ့်ကို ခါးခါးသီးသီး ကြည့်တဲ့အကြည့်တွေကိုတော့ဖြင့် သဘောမကျလှပါဘူး။သေသပ်လှတဲ့နှုတ်ခမ်းတွေ ။အဲ့ဒီနှုတ်ကနေ ခါးခါးသီးသီးမုန်းတဲ့ဆိုတဲ့ စကားတွေကိုထပ်ပြီးမကြားချင်ဘူး။ကျေးဇူးပြုပြီး ထပ်ပြီးမကြားပါရစေနဲ့။

"သမီး လမင်းငယ်"

မေမေ့ရဲ့ခေါ်သံကြောင့်အတွေး‌စတစ်ချို့
ပြတ်တောက်သွား၏။

"ရှင် မေမေ"

"ထမင်းလည် ထွက်မစားဘူး...နေမကောင်းဘူးလား"

"ကောင်းတယ်မေမေ..ထမင်းက မစားတော့ဘူး မုန့်စားထားလို့"

"လမင်းငယ်...ညည်းအကြောင်းသိတယ်နော်
မပြောချင်သေးလို့ အခုတလော မူကိုမမှန်ဘူး"

တစ်ခါတလေ မမအကြောင်းများထိုင်တွေးနေရင် မေမေနဲ့တိုးတာများသည်။မေမေလည်း သူ့သမီး‌ေလးအသည်းကွဲ‌ေနတာကိုရိပ်မိနေလောက်ပါပြီ။ကောင်မလေးတစ်ယောက်ကြောင့်ဆိုတာက လွဲလို့ပေါ့။

"ဘယ်ကဖုန်းပါလိမ့်"

ကိုကို့ဆီကဖြစ်နေ၍ မကိုင်ဘဲထားလိုက်သည်။ ကိုကိုနဲ့လည်းစကားပြောချင်စိတ်ရှိမနေခဲ့ပါ။ဒီအချိန်မှာ မမကလွဲပြီး ဘယ်သူ့ကိုမှမတွေ့ချင် မမြင်ချင်ပါ။

မတော်တဆများ မမကိုဆုံးရှုံးသွားရရင် ရူးသွားလိမ့်မယ်ထင်ပါရဲ့။

***

"ဟလို ...မမနှင်း... လမင်း မမနှင်းအိမ်ရှေ့ရောက်နေပြီ"

"ကြိုတော့မပြောဘူးနော်..အစ်မလာကြိုမှာပေါ့"

"ရပါတယ်..လမင်းလည်းအားနာလို့လေ ကိုယ့်ဘာသာလာလိုက်တာ"

"အင်းပါ ဒါဆိုခဏနော် အစ်မလာခဲ့မယ်"

"ဟုတ် မမနှင်း"

ခဏကြာတော့ မမနှင်းရောက်လာ၏။

"မမနှင်း မမရောရှိရဲ့လားဟင်"

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now