Chapter-15

61 9 0
                                    


Unexpected discovery

ဒဏ်ရာတစ်ခုရှိလျှင်သမားတော်ဆီသွားကိုသွားရမည်။ကုချန်းဖန်းကသူအဆင်ပြေတယ်လို့ဘယ်နှစ်ကြိမ်ဘဲပြောနေခဲ့ပါစေရှန့်ယန်ပေကတော့သူ့ကိုဆေးခန်းသို့ခေါ်သွားနေဆဲဖြစ်သည်။

ကောင်တီမြို့ကဆေးခန်းသည်မော်ဒန်ခေတ်ကဆေးခန်းငယ်လေးလောက်တောင်မကြီးပေမယ့်ဆေးဖက်ဝင်အပင်များ၏အနံ့သည်ဆေးခန်းအတွင်းတွင်ထွက်ပေါ်နေဆဲဖြစ်သည်။ဆေးဖက်ဝင်အပင်များရှိသောဗီဒိုဟာနံရံနှစ်ဖက်မှာရှိနေသည်။

မုတ်ဆိတ်ဖြူနေသောအသက်ကြီးကြီးလူတစ်ယောက်ဟာထိုင်ခုံနောက်မှာထိုင်နေရင်းမျက်နှာဖျော့တော့နေသောအမျိုးသမီးကြီးရဲ့သွေးကြောကိုစမ်းသပ်ပေးနေခဲ့သည်။သူ(မ)ရဲ့ဘေးမှာထိုင်နေသောမဲနယ်ရောင်ဖဲသားဝတ်စုံနှင့်သက်လတ်ပိုင်းအရွယ်လူဟာစိတ်လှုပ်ရှားနေရင်းမေးခဲ့သည် "သမားတော်လီ ကျွန်တော့်အမေဘာဖြစ်တာလဲ?"

သမားတော်လီဟာသူ့ရဲ့မုတ်ဆိတ်ဖြူကိုပွတ်လိုက်ရင်းပြောခဲ့သည် "အစာအိမ်အအေးမိခြင်းဟာဗိုက်နာစေနိုင်တယ် သူ(မ)ကိုအချိန်အတိုင်းအတာတစ်ခုအတွင်းသေသေချာချာပြန်ဂရုစိုက်ဖို့လိုအပ်တယ်"
(T/N-အစာအိမ်အအေးမိခြင်းဆိုတာအအေးစာတွေအစားများတာကိုပြောတာပါအအေးစာတွေစားရင်ဗိုက်အောင့်တယ်လေ)

သက်လတ်ပိုင်းအရွယ်လူဟာစိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီးပြောခဲ့သည်
"ဒါဆိုသမားတော်လီကျေးဇူးပြုပြီးဆေးညွှန်းပေးပါ!"

သမားတော်လီဟာသက်လတ်ပိုင်းရွယ်လူကိုတစ်ချက်ကြည့်၍ပြောခဲ့သည် "အစာအိမ်အအေးမိတာကြောင့်အစားအသောက်ကိုအထူးဂရုစိုက်သင့်တယ် သူ(မ)မချက်ပြုတ်ရသေးတဲ့အစားအစာဒါမှမဟုတ်အအေးစာတွေမစားနိုင်ဘူး ငါငရုတ်ကောင်းဖြူအချို့ပေးလိုက်မယ် အသားချက်ရင်နည်းနည်းထည့်လိုက်တာနဲ့လုံလောက်ပြီ"

သမားတော်လီဟာသက်လတ်ပိုင်းရွယ်လူကိုတစ်ချက်ကြည့်၍ပြောခဲ့သည် "အစာအိမ်အအေးမိတာကြောင့်အစားအသောက်ကိုအထူးဂရုစိုက်သင့်တယ် သူ(မ)မချက်ပြုတ်ရသေးတဲ့အစားအစာဒါမှမဟုတ်အအေးစာတွေမစားနိုင်ဘူး ငါငရုတ်ကောင်းဖြူအချို့ပေးလိုက်မယ် အသားချက်ရင်နည်းနည်းထည့်လိုက်တာနဲ့လုံလောက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

My Favourite Manly Husband [mm translation]Where stories live. Discover now