အပိုင်း[၂၆]

3K 232 16
                                    

ဆောင်းရဲ့စကားကြားပြီး စိတ်ထဲ၌ကြိတ်ပြီးဝမ်းသာသွားမိ၏။နှင်းပြောမှာက စကားတစ်ခု၊ဆောင်းထင်သွားတာကစကားတစ်ခုဖြစ်နေ၏။

"ဘာလို့လဲ..ငါကဘာလို့မပြောရမှာလဲ"

"ဟို..အဲ့ဒါက..ဟို"

သူဝန်ခံရမှာ ရှက်နေတာကို နှင်းသဘောပေါက်သည်။ဒါပေမဲ့ ချေလွန်းတဲ့သူငယ်ချင်းကို စချင်လာ၍မသိဟန်ဆောင်ကာထပ်မေးလိုက်သည်။

"ဘာပြောမှာလဲ မြန်မြန်ပြော..မပြောရင် ငါသူ့ကိုသွားပြောလိုက်တော့မှာ"

နှင်းကတကယ်သွားဟန်ဆောင်လိုက်တော့ သူကလှမ်းဆွဲထား၏။

"နေဦး...မသွားနဲ့"

"ဘာလဲ"

"ငါ..ငါ သူနဲ့...ဟို"

စကားကိုဆက်မပြောဘဲ မျက်လုံးကိုဟိုဝေ့ဒီဝေ့နှင့်ကစားနေသည်။

"ဘာလဲ မြန်မြန်ပြောစမ်းပါ"

"ငါ သူနဲ့တွဲမှာ"

"ဘာရယ်"

"ငါ သူနဲ့တွဲကြည့်မလို့"

ဟင်းချက်နေတုန်းကပြောခဲ့တာသူမဟုတ်ခဲ့သလို။အခုကျတော့လည်းချက်ချင်းကြီးပါလား။

"နင်ပဲသူ့ကိုမုန်းနေတာဆို...ခုနတုန်းကကျတော့ သူ့အကြောင်းဘာမှစိတ်မဝင်စားဘူးဆို"

"နှင်း..နင်ကလည်းစကားများလိုက်တာဟာ...ငါ သူနဲ့တွဲမလို့ဆိုတွဲမလို့ပေါ့"

"နေ..နေပါဦး"

နှင်းကိုဘုဆက်ဆက်ပြောပြီး ထွက်သွားဖို့ပြင်နေတဲ့ဆောင်းအား အလျင်အမြန်တားလိုက်ရသည်။

"ဘာပြောမလို့လဲ"

"နင် သူ့ကိုလက်စားချေချင်လို့တော့မဟုတ်ပါဘူးနော်"

"ရူးနေလား..ဒီလိုရူးကြောင်ကြောင်အလုပ်တွေလုပ်ရအောင်"

"ပြောမရဘူး..နင်ကအငြိုးအတေးကကြီးပါဘိနဲ့"

"မဟုတ်ကဟုတ်ကတွေ တွေးနေတာတွေတော်လိုက်တော့..ငါ သူ့ဆီသွားမလို့ နင်လိုက်မလာခဲ့တဲ့"

နှင်းမှာရုတ်တရက်ပြောင်းလဲသွားသော သူငယ်ချင်းအားနားမလည်စွာကြည့်ရင်းကျန်နေခဲ့သည်။ နှင်းစိတ်ထဲ ဆောင်းကိုမယုံကြည်ရဲပါ။ဆောင်းအနေနဲ့ အဲ့ဒီကောင်မလေးကို တကယ်မချစ်ဘဲ တမင်ကပ်တာမျိုးဆို တားဆီးရလိမ့်မည်။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now