1

39.4K 937 45
                                    

Unicode

အနွယ်တော်မျိုးရိုးလို့ ပြောလို့ရအောင် မျိုးရိုး အဆင့်အတန်းမြင့်မားသည့် မိသားစုမှ ဆင်းသက်လာကြသော မိသားစုတစ်ခုမှာ ပူပင်သောက တစ်ခုရှိနေလေသည်။

အဲ့တာဟာ သားအကြီးဆုံးဟာ လုံးဝ အိမ်ထောင်ပြုဖို့စိတ်မဝင်စားတဲ့အပြင် ချစ်သူရည်းစားရယ်လို့လည်း မထားခဲ့။

အသက် ၄၀နားနီးနေပေမဲ့ ယခုတိုင် အိမ်ထောင်ပြုဖို့ ပါးစပ်ဟမလာခဲ့။

ပုံမှန်ဆို အိမ်ထောင်မပြုလည်း မိသားစုဝင်တွေအနေနှင့် ဘာမှမပြောနိုင်သော်ညား ယခုတော့ အိမ်တော်ရဲ့ သားအကြီးဆုံး ဖြစ်နေတဲ့အပြင် သားအကြီးကသာ အိမ်ထောင်မပြုလျှင် ကျန်အငယ်တွေအနေနှင့် အိမ်ထောင်ပြုခွင့်မရှိ။ ဒါဟာ ဘိုးဘွားစ‌ဉ်ဆက် ထိန်းသိမ်းလာခဲ့တဲ့ ဓလေ့ထုံးတမ်းတစ်ခု။

ဒီတိုင်းဆက်နေလျှင် အကုန်မျိုးသုန်းကုန်တော့မဲ့ အရိပ်အယောင်မြင်တာကြောင့် မိခင်ဖြစ်သူ ဒေါ်မြပန်းရုံက သားအကြီးဖြစ်သူ မင်းမျိုးတော်ဝင်ကို စာကြည့်ခန်းသို့ ခေါ်ကာ တရားချရန် ပြင်တော့သည်။

အငယ်တွေနှင့် အိမ်အကူတွေကတော့ အခန်းအပြင်မှာ ပြွတ်သိပ်ကာ ခိုးနားထောင်နေကြသည်။

"သားကြီး ဘယ်တော့ မင်းအိမ်ထောင်ပြုမှာတုန်း ၊ ဒီမအေ မြေးချီချင်လှပြီကွယ်"

အသက် ငါးဆယ့်ခုနှစ် နှစ်ထဲမှာရှိနေသည့် ဒေါ်မြပန်းရုံ သည် အရွယ်တင်လေသည်။

"ကိုယ်ပြုမှာမဟုတ်တော့ဘူး အမေ"

"ဟယ် သားက မပြုတော့ အငယ်တွေအကုန် ရိပ်သာပို့လိုက်ရတော့မှာလား"

"ကိုယ့်ကို ကျော်ပြီး ဒုတိယသားကို အိမ်ထောင်ပြုပေးလိုက်ပါ"

"အဲ့လိုတော့ ဘယ်ဖြစ်မလဲကွယ် ၊ စတိအနေနဲ့ တစ်နှစ်တော့ အမေသဘောတူတဲ့လူနဲ့ အိမ်ထောင်ပြုပေး"

"မဖြစ်နိုင်ဘူး အမေ ၊ ကိုယ်ဘယ်သူနဲ့မှ အနီးကပ်နေနိုင်မယ်မထင်ဘူး"

"သားကြီးက အမေ့ရဲ့ မသေခင် ဆန္ဒကိုတောင် မဖြည့်ဆည်းပေးနိုင်တော့ဘူးလား"

BABY, I'm your HOME Where stories live. Discover now