24

8.8K 754 61
                                    

Unicode

ခြောက်လထဲမှာရှိနေသည့် ဗိုက်ကလေးသည် လုံးဝန်းနေပြီး အသည်းယားစရာကောင်းသည်။ကိုယ်ဝန်နုတုန်းကလို မအန်တော့တဲ့အတွက်ကြောင့် တော်ဝင့်အဖို့ ပျိုးတေးသီအနား တော်တော်လေးကို ကပ်လို့ကောင်းနေသည်။ မနက်မိုးလင်းတိုင်း ဗိုက်ကလေးကို တစ်ချက်နမ်းကာ ကောင်လေးမျက်နှာကို တစိမ့်စိမ့်ကြည့်နေရသည်မှာ သဘောကျဖွယ်အတိ။

ညမိုးချုပ်တိုင်း နွားနို့တစ်ခွက်ဖျော်ပေးပြီး အပြင်ထွက်မလာသေးသည့် ကလေးနှင့် ရန်ဖြစ်ရတာလည်း ရိုးမသွားခဲ့။ ဗိုက်ကလေးကို လက်ညှိုးဖြင့် ခပ်ဖွဖွထိကာ စကားပြောတိုင်း ပျိုးတေးသီဟာ မျက်လုံးတွေပိတ်သည်အထိ ရယ်နေတတ်သည်။

ကောင်ငယ်လေးရယ်တိုင်း တော်ဝင့်အသက်တစ်ရက်ပိုရှည်လာသလိုခံစားရပြီး စိတ်ချမ်းသာ၏။

အမေနှင့်ရွက်စိမ်းကလည်း တစ်ပတ်ကို နှစ်ခါလောက်အလှည့်ကျ ရောက်ရောက်လာတတ်ပြီး တော်ဝင် စက်ရုံတွေဘက်သွားစစ်လျှင် အဖော်ပြုနေပေးတတ်သည်။

"ဦး"

အတွေးတွေကို လက်စသတ်ကာ ကောင်လေးဘက်ကို အလျှင်အမြန်ကြည့်လိုက်ပြီး လက်ထဲက ဖုန်းကိုချ၍ အပြေးလေးသွားတွဲလိုက်ရသည်။

"ဘယ်လိုလဲ ၊ ရွက်စိမ်းနဲ့ လျှောက်သွားတာ အဆင်ပြေရဲ့လား"

"ပြေတယ် ၊ ဟို... ဦး ထမင်းစားပြီးပြီလား ဟင်"

"ကိုယ်က မင်းမရှိပဲ ဘယ်တုန်းက ထမင်းစားဖူးလို့လဲ"

ရွက်စိမ်းနှင့် အပြင်မှာ မုန့်သွားစားသည်ကို သူ့ကို မခေါ်၍ စိတ်ကောက်နေသည်ဆိုတာ ပျိုး ရိပ်မိပါသည်။ အိမ်နားနီးတဲ့ လမ်းထိတ်က ဆိုင်မလို့ မလိုက်ခိုင်းတာကို မဲမှောင်နေသည့် မျက်နှာနှင့် ခြံဝလိုက်ပို့သည်ကို ပျိုး မှတ်မိနေသေးသည်။

"ပျိုးကို စိတ်ကောက်နေတာလား"

"ဟွန်း...."

နှာမှုတ်သံ ခပ်တိုးတိုးပြုပြီး စကားမပြောတာကြောင့် ပျိုးမနေတတ်တော့ပါ။ ပျိုး ခါးပေါ်မှ ဦးလက်ကို ဆွဲယူလိုက်ပြီး ဦးရင်ခွင်ထဲ တိုးဝင်ကာ ဦးရင်ဘတ်ထံ မျက်နှာ အပ်ထားလိုက်သည်။ထို့နောက် ချွဲသံနည်းနည်းနှောကာ အသံပိစိလေးဖြင့်

BABY, I'm your HOME Where stories live. Discover now