Unicode { 18+ }
"ကဲ ငါတို့ မိသားစု လူစုံတုန်း သောက်ရအောင်"
"ရတယ် များများသာလုပ်"
အလတ်ကောင်မှ ဦးဆောင်ပြီး ဝိုင်တွေရော ဘီယာတွေပါ ရောသမမွှေကာ အိုးအကြီးဖြင့် အလယ်မှာ ချပေးလာသည်။
တော်ဝင်က ပျိုးတေးသီကို မသောက်နိုင်မည်ဆိုးတာကြောင့် ခွက်ရဲ့ တစ်ဝက်လောက်သာ ထည့်ပြီး ပျိုးတေးသီလက်ထဲ ထည့်ပေးလိုက်သည်။
"ဦး"
"အင်း"
တော်ဝင့်နောက်ကျောမှနေ၍ အသံတိုးတိုးဖြင့် တော်ဝင့်ကိုခေါ်လာသဖြင့် တော်ဝင်ပြန်ထူးလိုက်သည်။
"ပျိုး ထပ်သောက်ချင်သေးတယ်"
တော်ဝင် ကိုယ့်ခွက်ကိုယ်ပြန်ကြည့်တော့ နည်းနည်းပဲသောက်ရသေးသည်။ ပျိုးတေးသီကတော့ ခွက်တစ်ဝက်လုံးကုန်သွားလေသည်။
"ဒါက မင်းသောက်နေကျအချိုရည်မဟုတ်ဘူး ၊ အရမ်းသောက်ရင် ခေါင်းမူးလိမ့်မယ်"
"အကိုကြီးကလည်း ပျိုးလေးသောက်ချင်နေတာကို ဘာလို့တားနေတာလဲ ၊ လာ လာ ခွက်ပေး ကီဗင်ထည့်ပေးမယ်"
ပျိုး ခွက်ကို အလျှင်အမြန်ယူကာ ထည့်ပေးသည့် ကီဗင့်ကို ပျိုး ပြုံးပြလိုက်တော့ ဦးက မျက်မှောင်ကြုတ်ထားပြီး တစ်ခွက်လုံး ကောက်မော့ပြစ်လိုက်သည်။
"လာ ပျိုး ၊ ငါ့နားလာထိုင်"
ပျိုး ဦးကို တစ်ချက်ကြည့်လိုက်တော့ မေးငေါ့ပြတာကြောင့် ပျိုး ရွက်စိမ်းနားသွားထိုင်လိုက်သည်။ ရွက်စိမ်းက ကိုလတ်အရှေ့က ကြမ်းပြင်မှာထိုင်ချထားတာမလို့ ပျိုးက ဦးအရှေ့ကကြမ်းပြင်မှာ ထိုင်ချလိုက်သည်။
အိုးက ပျိုးအရှေ့မှာပဲ မလို့ ပျိုးကိုယ့်ဘာသာပဲ ယူသောက်ပြီး ဦးကိုလည်း ထည့်ပေးလိုက်သည်။
တော်ဝင်ရော ကျန်တဲ့လူတွေပါ ပျိုးတေးသီကို ဒီလောက် သောက်နိုင်မယ်ထင်မထား။ ရွက်စိမ်းကတော့ လေးခွက်လောက်နဲ့ မသောက်နိုင်တော့လို့ အခန်းထဲဝင်သွားပြီး အန်နေလောက်ပြီ။
ပထမတစ်ခါက ဆေးမိသောကြောင့် ပျိုးတေးသီမူးသော်လည်း အခုတစ်ခါတော့ ဆေးမပါသောကြောင့် ဒီကောင်လေး ဒီလောက်သောက်နိုင်နေတာထင်။
YOU ARE READING
BABY, I'm your HOME
Romansaကိုယ်က မင်းကြည့်နေကျ superman ထက် စွမ်းအားကြီးတဲ့ your man လေ။ ဤ fiction သည် စာရေးသူ၏ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ အပြင်လောကနှင့် လုံးဝ ၊ လုံးဝ သက်ဆိုင်နေခြင်းမရှိပါ။ မင်းမျိုးတော်ဝင် + ပျိုးတေးသီ 📌 photo from Pinterest.