Unicode
အတွဲတော်တော်များများ ထိုင်လေ့ရှိသော အအေးဆိုင်တစ်ဆိုင်၏ ထောင့်စွန်းဝိုင်းတွင်။
"ကိုအာကာ ဟိုမှာဝင်လာတဲ့ ကောင်လေးနှစ်ယောက်တွေ့လား"
အာကာ ဂရုမစိုက်သလို သာမန်ကာ လျှံကာ တစ်ချက်ကြည့်လိုက်ပြီး
"အင်း ၊ ဘာဖြစ်လို့လဲ"
"ရွက်စိမ်းရဲ့ အမြင်ကို ပြောပြမယ် ၊ ညာဘက်က အရပ်ရှည်ရှည်နဲ့တစ်ယောက်က top ၊ ဘယ်ဘက်က ပုတဲ့တစ်ယောက်က bottom "
"......."
"တွေ့လား တွေ့လား ၊ ခေါင်းလေးလှမ်းပုတ်နေပြီ အဟိ"
"ရွက်စိမ်း ကိုယ့်ကိုပဲ အာရုံစိုက်စမ်းပါကွာ"
"အို ... ကိုအာကာ ကလည်း ၊ အပြင်ထွက်တုန်းလေး မြင်ရတာကို"
"ဒါဆို ဖုန်းထဲကနေ ညတိုင်း ကိုယ့်ကို ပြနေတဲ့ GMM25 က ကောင်တွေကရော"
"သူတို့က ဖုန်းထဲကပဲ ငမ်း... အဲ ၊ ကြည့်လို့ရတာလေ ၊ ဒါက အပြင်က real couple ကိုကြည့်ရတာလေ ၊ ဘယ်တူပါ့မလဲ"
"....."
ဆက်ပြောလျှင် အာကာ့ ကိုပါ ယောင်္ကျားပေးစားလာနိုင်ချေရှိတာမလို့ အာကာ ဘာမှမပြောတော့။ ရွက်စိမ်းနုကိုတော့ သူတကယ်လက်မြှောက်တာ။
"ဒါနဲ့လေ ညကျရင် ရွက်စိမ်းကို စီးရီး အသစ်တွေရှာပေးဦးနော်"
"ဘယ်သူ့တွေလဲ"
"Meenနဲ့ping"
"ပြီးရော"
"ကိုအာကာ"
"အွန်း"
"ရှင်လည်း ယောင်္ကျားယူပါ့လားဟင်"
"ဖွီး... အဟွတ်!"
ပါးစပ်ထဲရောက်နေတဲ့ အအေးအချို့ကြောင့် သီးပြီး ချောင်းပါထဆိုးလိုက်ရသည်။
စလာပြီ ဇာတ်လမ်းတွေ။ အာကာရေ မင်းအရှောင်ကောင်းဖို့ စကားတွေ စဉ်းစားပေတော့။
"အဲလောက်တောင် ပျော်သွားတာလား ၊ ရှင်သာ ယောင်္ကျားယူမယ်ဆို ရွက်စိမ်းက ပြတ်ပေးမဲ့ အပြင် မင်္ဂလာလက်ဖွဲ့တောင် အကြီးကြီးပေးမှာ"
"တော်ပါကွာ ၊ မင်းဘာသာ ဘယ်သူ့လင်ပေးစား ပေးစား ကိုယ့်ကိုတော့ ချမ်းသာပေး ၊ ဟုတ်ပြီလား"
YOU ARE READING
BABY, I'm your HOME
Romanceကိုယ်က မင်းကြည့်နေကျ superman ထက် စွမ်းအားကြီးတဲ့ your man လေ။ ဤ fiction သည် စာရေးသူ၏ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ အပြင်လောကနှင့် လုံးဝ ၊ လုံးဝ သက်ဆိုင်နေခြင်းမရှိပါ။ မင်းမျိုးတော်ဝင် + ပျိုးတေးသီ 📌 photo from Pinterest.