29

7K 483 13
                                    

Unicode

ထိုနေ့မှစ၍ ပျိုးအလင်္ကာမေကို မတွေ့ရတော့ပါ။လိမ်လည်မှုတွေအပြင် လူသတ်မှု ၊ မူးယစ်ဆေးဝါး သုံးစွဲမှုတွေဖြင့် ထောင်ကျသွားခဲ့သည်။

ထောင်ထဲမှာ တစ်လတောင်မကြာလိုက်ပါ။ရောဂါတစ်ခုကြောင့် ဆုံးပြီးဟု သတင်းရခဲ့သည်။ ပျိုး ဦးကို မေးချင်ပေမဲ့ ဦးက အစမဖော်ခဲ့သလို သူတို့နှင့် ပတ်သက်ပြီး ဘာမှမပြောလာတာကြောင့် မမေးဖြစ်တော့။

သေချာတာကတော့ ဦးလက်ချက်ဆိုတာပင်။ပျိုးအလင်္ကာမေက အဆုတ်သိပ်မကောင်းလို့ ဆေးလိပ်တောင်မသောက်တာ ပျိုးသိသည်။ ဘယ်လိုလုပ် မူးယစ်ဆေးဝါး သုံးနိုင်မှာလဲ။ ဒါတွေဟာ လုပ်ကြံသတင်းတွေသာ ဖြစ်ပြီး အထက်လူကြီးတွေကို ငွေထိုးလိုက်တာကြောင့် ဒီလိုဖြစ်သွားတာပင်။

ပျိုးလည်း ထိုနေ့မှ စ၍ သူတို့အကြောင်းမတွေးဖြစ်တော့ပဲ ဦးနှင့်သမီးကိုသာ စိတ်ထဲ ထည့်ထားလိုက်တော့သည်။ သူတို့တောင် မကြင်နာတာ ပျိုးကလည်း ပြန်ကြင်နာလို့ မရတော့။

သမီးလေးက ၂နှစ်ပြည့်သွားပြီမလို့ အရင်နှစ်တွေကထက် ပျိုးကို ပိုကပ်လာသည်။သွားတွေလည်း ခြောက်ချောင်းလောက်ပေါက်လာပြီမလို့ ရယ်လိုက်လျှင် ယုန်သွားလိုမျိုး အရှေ့သွားနှစ်ချောင်းဟာ ထွက်လာတတ်သည်။

အခန်းခွဲသိပ်သော်လည်း သူအိပ်ပျော်သည်အထိ အနားမှာ ရှိနေမှကြိုက်သည်။ မနက်ဆိုလည်း ပျိုးကို မမြင်လျှင် အော်ငိုတတ်သေးသည်။

နောက်ဆုံးတော့ ဦးလည်း သူ့သမီးကို အရှုံးပေးလိုက်ရပြီး အခန်းထဲမှာပဲ ကုတင်ခွဲသိပ်တော့သည်။သမီးကတော့ သိပ်မကျေနပ်ပေမဲ့ သူ့ ဒယ်ဒီကို ကြောက်၍ အထွန့်မတတ်ရဲ။

ညဘက်တိုင်း ဦး စနောက်လိုက်လို့ အော်ငိုသည့် သမီးရဲ့ အသံဟာ ဆူညံနေပြီး ပုံမှန်လိုတောင် ဖြစ်နေသည်။ အဲလိုအခါတိုင်း ပျိုးမှာ ပြုံးပြုံးကြီး ထိုင်ကြည့်ကာ ကြည်နူးရသည်။

ယခုလည်း ဖုန်းပြောနေသည့် ဦးကို သမီးက ရန်စသလိုမျိုး ပေါင်ကို လှမ်းရိုက်နေလေသည်။

"ရွက်စိမ်းရဲ့ မင်္ဂလာပွဲမတိုင်ခင် သုံးရက်လောက်တော့ လာနေကြပါဦးလား"

BABY, I'm your HOME Where stories live. Discover now