warning 18+
+အခန်းနေရာကို Ssရိုက်ပြီး soical Media တွေပေါ် တင်ခြင်းမလုပ်ပါနဲ့ဗျ။ request တာပါ။
Unicode
"ဖြစ်ပါ့မလား ပျိုးအလင်္ကာမေရယ်"
"အို မာမီကလည်း ၊ မေတို့ကျ ဒီလိုအခြေအနေမှာနေနေရပြီ သူကျသာယာနေတာလေ ၊ ဒါတရားလား"
"အဲတာဟုတ်တယ် မိန်းမ"
"တွေ့လား ဒယ်ဒီတောင် ထောက်ခံတယ်"
"ဒါဆို အမေတို့က သူ့ကို ဘယ်လို စကားပြောရမလဲ"
"မေ့တာဝန်သာထားလိုက် ၊ မာမီတို့က မေပြောတဲ့အတိုင်းလုပ်ရုံပဲ ၊ အဲကောင်က အရမ်းတုံးတာလေ ၊ သူ့ကို ဓားနဲ့ထိုးပြီး သတ်တောင် ဘာလို့သေလဲ သိမှာမဟုတ်ဘူး"
"သမီးပြောတာလည်း ဟုတ်တယ် ၊ Royal အိမ်တော်က သိသွားရင်တော့ အဖေတို့အတွက်မကောင်းဘူး"
"မေ အကုန်စီစဉ်မယ် ၊ ဒယ်ဒီဘာမှမပူနဲ့"
"သမီးလေး သဘော"
ဒေါ်ပျိုးမဒီ သားအဖနှစ်ယောက်ကို တစ်လှည့်စီကြည့်လိုက်ပြီး သူပါခေါင်းငြိမ့်ပြလိုက်သည်။ သူတို့ရဲ့ လာဘ်ကောင်ဖြစ်သည့် သမီးလေးကမပျော်လျှင် သူတို့လည်းမပျော်နိုင်ပါ။ ပျိုးတေးသီကတော့ မွေးကတည်းက သံယောဇဉ်မရှိခဲ့တာမလို့ ဖြစ်ချင်ရာဖြစ်ပါစေ။
****************
ပျိုးနိုးလာတော့ ဦးကိုတွေ့လိုက်ရတာမလို့ အံ့ဩသွားရသေးသည်။ မန္တလေးမှာ တစ်ပတ်လောက်ကြာမယ်လို့ ပြောခဲ့တာမလား။ပျိုး ဗိုက်အောင့်တာသိလို့ ညတွင်းကြီးပြန်ရောက်လာတာလား။ ဒီလိုတွေးမိတော့ ပျိုးပြုံးလိုက်မိသည်။ ရင်ထဲလည်း ကျေနပ်သလိုလို ၊ ဝမ်းသာသလိုလိုနှင့် ကြည်နူးမိ၏။
ဦးက ပျိုးကုတင်ဘေးရှိ ခုံပေါ်တွင်ထိုင်၍ နံရံကိုမှီကာ မျက်လုံးမှိတ်ထားသည်။ အိပ်ပျော်နေသလား မျက်လုံးတမင်မှိတ်ထားတာလားတော့ ပျိုးလည်းသေချာတော့မသိပါ။
ပျိုး ကုတင်ပေါ်မှ ခြေထောက်ချလိုက်တော့ တိတ်ဆိတ်နေသည့် အခန်းထဲမှာ ကုတင်ဘီးရွေ့သံခပ်တိုးတိုးပေါ်ထွက်လာသည်။ဒါကို ဦးက ကြားသွားသည်ထင်။ မျက်လုံးမှိတ်ထားရာကနေ ချက်ခြင်းဖွင့်လာပြီး ပျိုးဘက်ကို အလျှင်စလို ကြည့်လာ၏။
YOU ARE READING
BABY, I'm your HOME
Romanceကိုယ်က မင်းကြည့်နေကျ superman ထက် စွမ်းအားကြီးတဲ့ your man လေ။ ဤ fiction သည် စာရေးသူ၏ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ အပြင်လောကနှင့် လုံးဝ ၊ လုံးဝ သက်ဆိုင်နေခြင်းမရှိပါ။ မင်းမျိုးတော်ဝင် + ပျိုးတေးသီ 📌 photo from Pinterest.