27

7.2K 507 21
                                    

Unicode

"ခစ်ခစ်"

"သမီးလေးက ဒီနားကိုလာ ၊ မဟုတ်ရင် ဆေးပုံးထဲက ဆေးတွေ သမီးကို လာစင်လိမ့်မယ်နော်"

ပျိုး ပြောလိုက်တော့မှ သမီးက လုံးတုံး လုံးတုံးနှင့် ပျိုး အနားပြေးလာသည်။ တစ်နှစ်နှင့် ငါးလရှိပြီမလို့ သမီးက စကားတော်တော်များများကို မပီတပီ လိုက်ပြောတတ်လာသည်။

နောက်ပြီး သူ့ဦးလေးတွေ အဒေါ်တွေရဲ့ ပုံစံလိုက်တုပြီးလည်း ပြောင်တတ် နောက်တတ်သေးသည်။

ဒီနေ့ ဦးမရှိတုန်း သမီးနှင့်ပျိုး ပန်းချီဆွဲသည့် အခန်းထဲဝင်လာပြီး အပေါ်မှာ ဆေးပုံကိုကြိုးဖြင့် ချိတ်ကာ အောက်က ပိတ်သားကို ချ၍ ဆေးပုံးထဲ ဆေးထည့်ပြီး ဆေးပုံးဖင်ကို အပေါက်ဖောက်ကာ လှည့်ပေးလိုက်တော့ ပိတ်အဖြူပေါ်မှာ ဆေးတွေဟာ ဘဲဥပုံသဏ္ဍာန်တွေ ထွက်ပေါ်လာသည်။

"မား ... "

"ဗျာ"

ပါးပါးလို့ ခေါ်ပါဟု သင်ထားသော်လည်း မရတော့တာကြောင့် ပျိုးမှာ ဘယ်လိုမှ မတတ်သာတော့ပဲ မားမားဟုသာ အခေါ်ခံရတော့သည်။

"ဆေး...."

ပိတ်သားဘေးမှာ ကျနေသည့် ဆေးတွေကိုကြည့်၍ လက်ညှိုးထိုးပြလေသည်။

"သွားမကိုင်ရဘူး ၊ ဆေးပုံးက လည်ပြီး မီးမီး နဖူးကို လာရိုက်မိလိမ့်မယ်"

"လှ... မီးမီး ကြိုက်"

ပန်းရောင် ဆေးစက်တွေကို ကြည့်ပြီး သဘောကျနေသည့် သမီးက မျက်လုံးထဲတွင် အပြုံးရိပ်တို့ သန်းနေသည်။

သမီးက ဦးနှင့် တော်တော်တူတာပင်။ ပျိုးနဲ့တူတာဆိုလို့ နှုတ်ခမ်းလေးတွေနှင့် ဆံပင်သာတူသည် ကျန်တာ ဦးနှင့်အကုန်တူသည်။ ဦး အမေဆို သူ့မြေးကို မြင်တိုင်း သူ့သားကြီး ငယ်ငယ်ကလိုပဲဟု ခဏ ခဏ ပြောတတ်သည်။

ဆေးပုံးထဲမှာ ထည့်ထားသည့် ဆေးရည်သည် နည်းနည်းလေးမလို့ သိပ်မကျတော့။

"ဟင့်ဟင့်.... ကျတော့ဘူး"

ဆေးရည်မကျတော့ သမီးက ငိုမဲ့မဲ့နှင့် ထအော်လာသည်။

"မားတို့ အခုသွားဝယ်ကြမယ်နော် ၊ မငိုနဲ့တော့"

"တကယ်လား"

BABY, I'm your HOME Where stories live. Discover now