20

10.2K 696 69
                                    

Unicode

"ကျွန်မတို့မှာ ဘာအပြစ်ရှိလို့လဲ"

"ခင်ဗျားတို့ လင် မယား နှစ်ယောက်ကို လူသတ်ရန် ကြံစည်မှုနဲ့ တရားစွဲထားပါတယ်ဗျ ၊ ဒါကြောင့် စစ်ဆေးမေးမြန်းဖို့အတွက် ရဲစခန်းကို လိုက်ခဲ့ပါ"

"ဦးလေးတို့ ဘယ်သူ့ကိုမှ မကြံစည်ဖူးပါဘူး ၊ ဒါက သက်သက် မနာလိုသူက အကောက်ကြံတာပါ"

"ဒါကတော့ ကျွန်တော်လည်း မသိဘူးဗျ ၊ ပြောချင်တယ်ဆိုရင်တော့ ရှေ့နေတွေရှေ့မှာပဲ ပြောလိုက်ပါ"

"ခဏလေးပါ ၊ ကျွန်မတို့က ဘယ်သူ့ကိုကြံစည်မှုကြောင့် စစ်ဆေးခံရမှာလဲ"

ဒေါ်ပျိုးမဒီ၏ အပြောကြောင့် လာဖမ်းသည့် ရဲ၏ မျက်နှာထပ် ရှုပ်ထွေးသည့် အမူအယာ တစ်ခုဖြစ်ပေါ်သွားပြီး

"Royal အိမ်တော်က ဦးမင်းမျိုးတော်ဝင်ရဲ့ အိမ်ထောင်ဖက် ပျိုးတေးသီကိုပါ ၊ မပျိုးအလင်္ကာမေကိုယ်တိုင် လှေကားပေါ်က တွန်းချတယ်ဆိုတာ မျက်မြင်သက်သေတွေ အများကြီးရှိပါတယ်"

"ရှင်"

ပျိုးအလင်္ကာမေ ဟာ ပျောက်နေတာ ရက်ပိုင်းလောက်ရှိနေပါပြီ။ သမီးဖြစ်သူ၏ သတင်းတောင်မကြားရသေး ယခုလို ရုတ်တရက်ကြီး လာပြောတဲ့အခါ သူတို့ ဘယ်လို တုံ့ပြန်မှုမျိုးပေးရမလဲမသိ။

လင်မယား နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ဆုံးဖြတ်ချက် အမြန်ချကာ

"ဒါဆိုလည်း ဦးတို့ လင်မယားနှစ်ယောက်စလုံး ရဲစခန်းကို လိုက်ခဲ့ပါ့မယ် ၊ အိမ်တံခါးတွေတော့ လိုက်ပိတ်လို့ အချိန်ရသေးတယ်မလား"

"ဟုတ်ကဲ့ ‌၊ အေးဆေးလုပ်ပါ"

သူတို့ အိမ်တစ်ခုလုံးကို ရဲတွေက ဝိုင်းထားတာမလို့ ထွက်လမ်းမရှ်ိ။ဒါကြောင့်လည်း ဒီတောင်းဆိုမှုကို ရဲဖြစ်သူဟာ လိုက်လျောတာပါ။

အပေါ်ထပ်သို့ လင်မယားနှစ်ယောက်စလုံး တတ်လာပြီး

"မိန်းမ  မင်းရဲ့ သမီးကို ဖုန်းဆက်စမ်း"

"ကျွန်မဆက်ပြီးပြီ မရဘူး"

"တောက်စ့်! ပျိုးအလင်္ကာမေကွာ ၊ တကယ့်မိသားစုကိုမှ သွားထိရတယ်လို့"

BABY, I'm your HOME Where stories live. Discover now