15

13.5K 765 74
                                    

Unicode

နှစ်ရက်လောက်ထိ ပျိုး ဦးကို ရှောင်နေမိပြီး စကားမပြောဖြစ်တော့။

ဦးက စကားလာပြောတောင် ပျိုး အလိုက်သင့်ပဲ ပြန်ဖြေလိုက်သည်။

ဦးက မမကို ချစ်လို့ လက်ထပ်ချင်တာကို ပျိုးကို လူမှားပြီး လက်ထပ်မိတယ်ဆိုတဲ့ မမရဲ့အပြောဟာ ပျိုးကို ရင်ထဲ နေလို့မကောင်းအောင်လုပ်နေသည့်အပြင် ဘာလို့ ဦးက ပျိုးကို မချစ်ရတာလဲလို့ပါ တွေးမိတော့ ဝမ်းနည်းပြီး ငိုချင်နေမိသည်။

ရေချိုးခန်းထဲဝင်ကာ အဝတ်တွေကို စုပုံလိုက်ပြီး ကိုယ်တိုင် လက်နှင့် ထိုင်လျှော်နေလိုက်သည်။ မျက်လုံးအိမ်ထဲမှလည်း မျက်ရည်တွေက တတောက်တောက်ကျနေပြီး အရှေ့က မြင်ကွင်းဟာ မသည်းမကွဲနှင့်။

တကယ်ဆို ဒီအဝတ်တွေဟာ ဦးအဝတ်တွေပါ။ အိမ်အကူတွေက လျှော်ပြီးလို့ ဗီရိုထဲ လာထည့်ပေးထားပေမဲ့ မကျေနပ်ချက်တွေကို ဦးကိုမပြောချင်တာကြောင့် ဦးဝတ်တဲ့ အဝတ်တွေအပေါ်မှာ ပုံချသည့် သဘောဖြင့် အကြိတ်အနယ်လျှော်နေမိတာပင်။

"ဟင့်... ရွှတ်... မကောင်းတဲ့ဦးလေးကြီး ... အင့်ဟာ .. အင့်ဟာ"

လက်ထဲက ကော်လံနှင့်အင်္ကျီကို လုံးခြေလိုက်ပြီး ရေထဲနှစ်လိုက် ပြန်ထုတ်လိုက်နှင့်။ ပါးစပ်ကလည်း အဆက်မပြတ် မကျေနပ်ကြောင်းပြောနေမိသည်။

"ရွှတ်.... ဘာလို့ သူများကို လူမှားရတာလဲ ၊ ဒါကြောင့် သူများကို ကွာရှင်းချင်နေတာမလား အီးဟီး..."

မျက်ရည်တွေကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းသုတ်ပြစ်လိုက်ပြီး အဝတ်ကို ဂျိတ်ဖြင့်ချိတ်လိုက်သည်။ ကော်ဇလုံထဲ ကြည့်လိုက်တော့ ရေတွေသာရှိနေပြီး လျှော်စရာ အဝတ်တွေမရှိတော့။

ဝမ်းနည်းရတဲ့အထဲ အားပျက်သလိုတောင်ဖြစ်သွားသည်။ လျှော်ပြီးသားအဝတ်ကိုလည်း ထပ်ပြီးမလျှော်ချင်တော့။

'ဝုန်း!'

"အား!!"

ကော်ဇလုံထဲမှရေကို သွန်ကာ ဆပ်ပြာတွေကို သူ့နေရာ သူပြန်ထားပြီး နောက်လှည့်စဉ် ခြေချော်ပြီး လဲတာကြောင့် အမြန်လက်ထောက်လိုက်သော်လည်း ခြေထောက်ကတော့ ခေါက်သလိုဖြစ်သွားပြီး အတော်လေး နာသွားသည်။

BABY, I'm your HOME Where stories live. Discover now