Unicode
"ကိုယ်ဝန်က တစ်လတောင်မပြည့်သေးလို့ ကျေးဇူးတင်ရမယ် ၊ မဟုတ်ရင် မိခင်ကိုပါ ထိခိုက်စေမိမှာ ၊ ကိုယ်ဝန်လရင့်မှ ဒီလိုမျိုးဖြစ်ရင် နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူး ဒါပေမဲ့ ၊ အခုက သုံးပတ်ပဲရှိသေးတဲ့ သွေးခဲသာသာလေးပဲရှိတာမလို့ သားအိမ်ကို သိပ်မထိခိုက်ပဲ လုံလောက်တဲ့အချိန်ပြီးရင် ကလေးထပ်ယူနိုင်တယ်"
"ကျေးဇူးပါ ကိုငြိမ်း"
"ကိုယ်လည်း စိတ်မကောင်းပါဘူးကွာ ၊ ဘာပဲဖြစ်ဖြစ် ဒီလိုမတော်တဆတွေက ဖြစ်တတ်ပါတယ်"
"ဟုတ်ကဲ့"
ဆက်သွေးကသာ စကားပြောနေပြီး ကျန်မိသားစုဝင်များသည် ဘာမှပြန်မပြောနိုင်လောက်အောင်ကို အလဲလဲအပြိုပြို။
တော်ဝင် ကျချင်နေသည့် မျက်ရည်ကို ထိန်းသည့်အနေနှင့် မျက်နှာကို လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သက်လိုက်ပြီး သက်ပြင်းချလိုက်သည်။
ပျိုးအလင်္ကာမေ ဆိုတဲ့ မိန်းမ သေမှ အဆင်ပြေမှာ။
ပျိုး နိုးလာတော့ ဆေးရုံကုတင်ပေါ်မှာဖြစ်ပြီး ပျိုး လက်တွင်လည်း အပ်တစ်ချောင်းဖြင့် ဆေးပိုက်တန်းလန်း။ ခေါင်းထဲလည်း မူးနေပြီး ဗိုက်ထဲလည်း တစ်ခုခုလျစ်ဟာနေသလို ဟာတာတာနှင့်။
"ကိုယ် သတ်ပြစ်မှာ"
"သားကြီး ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့"
"ကိုယ့်ရင်သွေးနဲ့ ပျိုးတေးသီကို လာထိတာ ကိုယ်က ဒီတိုင်းကြည့်နေရမှာလား ၊ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပေးဆပ်ရမယ်"
"ဒီလိုတော့ မဟုတ်သေးဘူးလေကွယ်"
ပျိုး မျက်လုံးမဖွင့်ခင်ကတည်းက ခပ်တိုးတိုးပြောနေသံတွေဟာ နားထဲကြားနေရပြီး ရွက်စိမ်း၏ တရှုံ့ရှုံ့ငိုသံဟာလည်း နားထဲဝင်ရောက်လာသည်။
"အမေ ၊ အကိုကြီးပြောတာ မှန်တယ် ၊ သုံးယောက်လုံးကို သတ်ပြစ်လိုက်"
"အငယ်မ ဝင်မပါနဲ့ ၊ အမေသူ့ဘာသာ အကိုကြီးနဲ့ပြောပါစေ"
"ကိုလတ်ကလည်း ၊ ရွက်စိမ်းလေ ပျိုးနဲ့မမြင်ရသေးတဲ့ ကလေးလေးကို သနားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ ၊ ပျိုး မိသားစုက ဒီလောက်ထိ အကြင်နာတရားခေါင်းပါးမယ်လို့ ထင်မထားဘူး"
YOU ARE READING
BABY, I'm your HOME
Romanceကိုယ်က မင်းကြည့်နေကျ superman ထက် စွမ်းအားကြီးတဲ့ your man လေ။ ဤ fiction သည် စာရေးသူ၏ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ အပြင်လောကနှင့် လုံးဝ ၊ လုံးဝ သက်ဆိုင်နေခြင်းမရှိပါ။ မင်းမျိုးတော်ဝင် + ပျိုးတေးသီ 📌 photo from Pinterest.