Unicode
သာထက်မောင်းသည့် ကားနောက်လိုက်စီးရင်း ကားပေါ်မှာ အဆောက်အဦးတည်နေရာနှင့် မန်နေဂျာ ခန့်ရန် အသင့်တော်ဆုံးလူကိုရှာဖွေနေရသည်။ ဟိုရောက်သည်နှင့် တစ်ခါတည်း interview လုပ်မှာမလို့ တော်ဝင့်အတွက် အားလပ်ချိန်ရှိတော့မည်မဟုတ်ပါ။
"သခင်ကြီး"
"အင်း"
"ကျွန်တော် ဘယ် Hotel ကို မောင်းရမှာလဲဗျ ၊ GPS နဲ့ ရှာရမှာ မလို့ပါ"
သာထက်က ရန်ကုန်ကလမ်းတွေကိုသာ ကြွမ်းကျင်ပေမဲ့ မန္တလေး လမ်းတွေတော့ မသိပါ။ သခင်ကြီး သွားတဲ့နောက်ပဲ တကောက်ကောက်လိုက်ခဲ့တာမလို့ သခင်ကြီးမသွားလျှင် သာထက်လည်း မသွားဖူးပါ။
"xxxxx Hotel ကို မောင်း"
အဲမှာ ဘိုကင်ကြိုယူထားတာမလို့ တော်ဝင်သွားလျှင် အခန်းကဒ်ယူကာ ဝင်တည်းရုံပင်။
Hotelတွင်အထုတ်တွေဝင်ထားပြီးသည်နှင့် တော်ဝင် စက်ရုံအသစ်သို့ တန်းသွားရသည်။ ဟိုရောက်သည်နှင့် လုပ်ငန်းအတွက် လုပ်စရာရှိတာတွေ လုပ်နေရတာမလို့ ထမင်းစားချိန်ကျော်သွားတာတောင် တော်ဝင်မသိတော့ပါ။
************
"ပျိုး""ဟင်"
"စာ သင်တာ ဘယ်လိုနေလဲ"
ဧည့်ခန်းထဲတွင် စာရေးလေ့ကျင့်နေတုန်း ရွက်စိမ်းက အနားမှာထိုင်ကာ စကားလာပြောလေသည်။
"အဆင်ပြေပါတယ် ၊ အခုဆို ပျိုး အများကြီးရေးတတ် ၊ ဖတ်တတ်နေပြီ"
"ပျိုးက တော်ပြီး ချစ်ဖို့ကောင်းလိုက်တာ ၊ အဲတာကြောင့် အကိုကြီးက သဲသဲလှုပ်နေတာ"
ရွက်စိမ်းစကားကို ပျိုး ကြောင်တောင်တောင်နှင့် ရယ်ပြလိုက်သည်။ ဦးက ပျိုးကို သည်းသည်းလှုပ်နေတာလား။
"ပျိုး သတိထားမိတယ်မလား"
"ဘာကိုလဲ ဟင်"
"အကိုကြီးက ပျိုးနဲ့ဆရာစည်သူကို အတူမရှိစေချင်ဘူးလေ ၊ အဲတာ သဝန်တိုနေတာ"
"ဦးပြောတာတော့ အမြင်မတော်လို့ပါတဲ့"
ပျိုး အပြောကြောင့် ရွက်စိမ်း ပါးစပ်ကိုအုပ်ကာ တခိခိရယ်လိုက်ပြီး။
YOU ARE READING
BABY, I'm your HOME
Storie d'amoreကိုယ်က မင်းကြည့်နေကျ superman ထက် စွမ်းအားကြီးတဲ့ your man လေ။ ဤ fiction သည် စာရေးသူ၏ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ အပြင်လောကနှင့် လုံးဝ ၊ လုံးဝ သက်ဆိုင်နေခြင်းမရှိပါ။ မင်းမျိုးတော်ဝင် + ပျိုးတေးသီ 📌 photo from Pinterest.