Unicode
"ဒီမှာ ရော့ ဖတ်ကြည့်လိုက်"
မြန်မာပြည်ပြန်ရောက်သည်နှင့် ပျိုးတေးသီနှင့် တော်ဝင့်ကြားမှာ စည်းတစ်ခုခြားကာနေဖို့ စာချုပ်တစ်ခု တော်ဝင်လုပ်ထားလိုက်သည်။
အထဲမှာ စည်းကမ်းချက်တွေရေးထားလိုက်ပြီး သဘောတူညီမှု တစ်ခုပါ ယူဖို့ လက်မှတ်ထိုးတဲ့နေရာပါ ချန်ထားလိုက်သည်။
ဒီကောင်လေး မိန်းကလေးပုံစံနှင့်တော်ဝင့်ကို လာတွေ့စဉ်ကတည်းက စိတ်ဝင်းစားခဲ့ရပြီး အခုလိုယောင်္ကျားလေးပုံစံနဲ့ ဖြစ်တာတောင် တော်ဝင့်အနေနဲ့ စိတ်ယိုင်နေမိသည်။
ကိုယ်က Royal အိမ်တော်ရဲ့ သားအကြီးဆိုတဲ့ဂုဏ်သိက္ခာက ရှိသေးတာမလို့ ယောင်္ကျားတစ်ယောက်ကိုတော့ ဘယ်လိုနည်းမှ ချစ်ကြောင်းဝန်မခံနိုင်။လူတွေသာသိလျှင်ရယ်စရာ ပြက်လုံးတစ်ခုဖြစ်သွားလိမ့်မည်။
ဒါကြောင့် ကိုယ့်စိတ်ကိုယ်လည်း ထိန်းကာ ကောင်လေးကိုလည်း ဒီထက့် မျှော်လင့်ချက်တွေမထားပဲ ကင်းကင်းရှင်းရှင်းဖြစ်အောင် စာချုပ်တစ်ခုနှင့် သဘောတူညီမှု ရယူချင်သည်။
ညဘက်ရောက်သည်နှင့် ဆိုဖာပေါ်မှာ ထိုင်နေသည့် ပျိုးတေးသီထံသွားကာ စာရွက်ပေးလိုက်တော့ ကြောင်တောင်တောင်မျက်နှာလေးနှင့် စာရွက်ကို ကမ်းယူလာသည်။
ဦး ပေးလာသည့် စာရွက်ကို ပျိုးလှမ်းယူလိုက်ရင်း ဦးကိုတစ်လှည့် စာရွက်ကို တစ်လှည့် ကြည့်နေမိသည်။ အထဲမှာ စာတွေပါတာသိပေမဲ့ ပျိုး ကျောင်းမတတ်ခဲ့ရလို့ စာမဖတ်တတ်ပါ။ ဦးကို ပြောလိုက်လျှင်ကောင်းမလား စဉ်းစားလျက် ပါးစပ်တပြင်ပြင်နှင့်။
ဘာပဲဖြစ်ဖြစ် ဒီစာရွက်သည် ကွာရှင်းစာချုပ်ဖြစ်ဖို့များသည်။
"ပျိုးတို့ ကွာရှင်းတော့မှာလား ဟင်"
မျက်လုံးဝိုင်းဝိုင်းလေးတစ်စုံဟာ တော်ဝင့်ထံ မော့ကြည့်၍ သူ့မေးခွန်းဟာ ဟုတ်တယ်မလားဆိုသည့် ပုံစံမျိုးဖြင့် တော်ဝင့်ကို မေးလာတဲ့ အမေးစကားကြောင့် တော်ဝင် မျက်မှောင်ကြုတ်လိုက်မိသည်။
YOU ARE READING
BABY, I'm your HOME
Romanceကိုယ်က မင်းကြည့်နေကျ superman ထက် စွမ်းအားကြီးတဲ့ your man လေ။ ဤ fiction သည် စာရေးသူ၏ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ အပြင်လောကနှင့် လုံးဝ ၊ လုံးဝ သက်ဆိုင်နေခြင်းမရှိပါ။ မင်းမျိုးတော်ဝင် + ပျိုးတေးသီ 📌 photo from Pinterest.