26

8.7K 560 25
                                    


Unicode

ခွဲခန်းထဲမှ ကလေးငိုသံကြားသည်နှင့် အကုန်လုံးပြိုင်တူမတ်တပ်ထရပ်လိုက်ကြပြီး ခွဲခန်းအပေါက်ဝနားမှာ စုပြုံနေကြသည်။

ခဏအကြာ အကူသူနာပြုလက်ထဲမှာ ကလေးပိစိလေးချီလာတာတွေ့လိုက်ရသည်။

တော်ဝင့်ကို လာပေးပေမဲ့ ကြွက်ကလေးတွေလို နီရဲကာ လှုပ်စိစိဖြစ်နေသည့် နီတာရဲလေးကို ကိုင်ဖို့မရဲခဲ့။ အမေက သူနာပြုလက်ထဲမှ ကလေးကို လက်လွှဲယူလိုက်ပြီး ပြုံးရွှင်နေသည်။

"ကောင်လေးရော အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ၊ ဗိုက်ပြန်ချုပ်နေလို့ပါ ၊ ခဏနေ ထွက်လာပါလိမ့်မယ်ရှင့်"

သိပ်မစောင့်လိုက်ရပါ ထုံဆေးသာပေးပြီး ခွဲထားသည့် ကောင်လေးဟာ သတိမေ့ခြင်းတော့မရှိပဲ ခွဲခန်းထဲမှ ကုတင်ပေါ်တွင်လှဲလျောင်းနေပြီး တော်ဝင့်ကို ခပ်ယဲ့ယဲ့လေးပြုံးပြလာသည်။

"ပျိုးတေးသီက အတော်သတ္တိကောင်းတာပဲ ၊ တချို့ ကလေးအမေတွေဆို ခွဲခန်းထဲဝင်တာနဲ့ ခွဲခန်းပစ္စည်းတွေကိုမြင်ပြီး မေ့လဲကြတာ"

"......"

တော်ဝင် ဘာမှမပြောပဲ တွန်းလှဲပေါ်က ကောင်လေးရဲ့ လက်တွေကို ကျစ်နေအောင်ဆုတ်ထားမိသည်။

အခန်းထဲရောက်တော့ ဆေးပိုက်နှင့် ဆီးပိုက်လာတပ်ပေးကြပြီးထွက်သွားလေသည်။ဒေါက်တာငြိမ်းလွန်စေတစ်ယောက်သာကျန်ခဲ့ပြီး သောက်ရမည့်ဆေးတွေ လာပေးလေသည်။

"ထုံဆေးနဲ့ ခွဲလို့ရတာ တော်သေးတယ်ပြောရမယ် ၊ မေ့ဆေးနဲ့က ကျန်းမာရေးကို နည်းနည်းထိစေတယ် ၊ ဒီမှာ လိုအပ်တဲ့ ဆေးတွေ ၊ တခုခုဆို ကျွန်တော့်ရုံးခန်းကို တိုက်ရိုက်လာခေါ်လို့ရတယ်"

"‌ကောင်းပါပြီ ဒေါက်တာ"

တော်ဝင်ကောင်လေးကိုကြည့်လိုက်တော့ အမေ့လက်ထဲရှိ ကလေးကို ကြည့်နေတာပဲ တွေ့လိုက်ရတာမလို့

"ချီချင်လို့လား"

တော်ဝင်မေးတော့ကောင်လေးက ခေါင်း‌တဆတ်ဆတ်ငြိမ့်ပြလာသည်။

"အမေ ၊ သမီးလေးကို ကိုယ့်ဆီပေး"

"ရော့ သားကြီး ၊ ဒီလိုလေး ပွေ့"

BABY, I'm your HOME Where stories live. Discover now