30 (End)

10.6K 654 101
                                    

Unicode

သမီးလေး သုံးနှစ်ကျော်တော့ ပျိုးဆွဲသည့် ပန်းချီချပ်တွေဟာ တစ်ချို့နေရာတွေမှာ အလှသဘောမျိုး ထားလာကြပြီး ဈေးလည်း ကောင်းလာသည်။

ပျိုးအတွက် ပန်းချီပြခန်းလုပ်ပေးပါမည်ဟု ခဏ ခဏ လာကမ်းလှမ်းသောလူတွေကိုလည်း ဦးက ငြင်းပယ်လိုက်ပြီး သူကိုယ်တိုင်လုပ်ပေးမည်ဟုဆိုသည်။

အကယ်၍ ပျိုးပန်းချီချပ်သာ ချပြနိုင်လျှင် ပြခန်းအတွက် ဝင်ငွေက အများကြီး တိုးမှာပင်။

"မားမား ၊ မီးမီးဆွဲတာ လှလား"

"လှတယ်လေ သမီးလေးရဲ့"

"ဒါဆို မီးမီးဘာပုံဆွဲထားတာလဲ သိလား"

အနောက်ရောင် အဝိုင်းလို ပုံသဏ္ဍာန်တစ်ခုထဲမှာ အပြာရောင်အစက်ကလေးနှစ်စက်နှင့် အဖြူရောင် အစက်ကလေး လေးစက်ချထားသည်ကို တွေ့လိုက်ရသည်။ ပျိုး ဘယ်လိုမှ မခန့်မှန်းတတ်။

သမီးက မိန်းကလေးဆိုတော့ ပန်းလေးတွေ ဆွဲတယ်ထင်၍

"ပန်းလေးလား"

" မီးမီးဆွဲထားတာ ကြောင်ပုံလေ ဒါလေးတောင် မားမားက မသိဘူးလား"

"အာ ဟုတ်သားပဲ ကြောင်နက်ကလေး ၊ မားက သမီးလောက် မတော်တော့ မခန့်မှန်းနိုင်ဖြစ်သွားတာ"

ပျိုးကို စူပုတ်ပုတ်နှင့် ပြောလာသည့် သမီးကြောင့် သမီးမသိအောင် ခိုးရယ်ကာ စကားပြန်ဖြေရသည်။

"ဟွန့် ၊ မားမားက အမြင်မရှိလိုက်တာ"

သူ့ပုံကို သူ့ဘာသာ မြှောက်ကြည့်လိုက် ၊ ပြောင်းပြန်ကြည့်လိုက်နှင့် အလုပ်ရှုပ်‌နေသည့် သမီးကို ကြည့်ရင်း ပျိုး ရင်ထဲမှာ ပီတိဖြစ်နေမိသည်။ ကိုယ်တိုင်က ဒီလောက်တောင် ချစ်စရာကောင်းတဲ့ သမီးလေးကို ဘယ်လိုများ မွေးမိတာပါလိမ့်။

မိဘဖြစ်မှ မိဘတွေရဲ့ ခံစားချက်ကို နားလည်လိမ့်မည်ဟု ပြောခဲ့သော ဆုံးမ စကားတွေဟာ ယခုတော့ ကိုယ်တိုင် မိဘဖြစ်မှပဲ နားလည်တော့သည်။

"သားအဖနှစ်ယောက် ရေမချိုး‌ကြသေးဘူးလား"

ဦး အသံကြောင့် သမီးကခေါင်းထောင်ကာ သူ့လက်ထဲမှာ သူဆွဲထားသည့် ပုံကို ကိုင်၍ ဦးထံပြေးသွားလေသည်။

BABY, I'm your HOME Where stories live. Discover now